မနက်စာ ခွံ့ကျွေးပြီးတဲ့အခါ နေ့လည်စာအတွက် ပြင်ဆင်နေတဲ့ နှင်းနုကို ကူလုပ်ပေးရန် သျှားခက်လျှံ မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။
ဆေးလိပ်သောက်ပြီး အိမ်ရှေ့ဝရန်တာမှာ ရပ်နေတဲ့ ခိန်းအနားကို ဇွဲစစ်ရှိန် ချည်းကပ်လိုက်သည်။
"ငါ့ဖုန်း ပျောက်သွားပြီ" ခိန်း ပြောလိုက်သည်။
"အဲ့ဒါ ဘာအဓိပ္ပါယ်လဲ မင်းသိလား? ငါ ယူထားတဲ့ ဒေတာတွေ ပါသွားပြီ back up လည်း မလုပ်ထားရသေးဘူး။ အဲ့ဒါ ဘယ်သူ့ကြောင့်လဲ သိလား?"
"ဘယ်သိမလဲ"
"ဇွဲစစ်ရှိန် မင်း မနောက်နဲ့"
သူ့ကြောင့်ဆိုတာတော့ ဟုတယ် ဒါပေမယ့် ဝန်ခံစရာလား။ ဒါကြောင့် ခပ်တည်တည်နဲ့ မသိချင်ယောင်ဆောင်နေလိုက်တယ်။
ခိန်းပြောလည်း အလကားပဲ ဘာမှ ထူးမှာ မဟုတ်ဘူး။ ဇွဲစစ်ရှိန်ကို သူအလိုလိုက်တာ များသွားပြီ။ ဒါကြောင့်လည်း သူ့ကိုဆို အရူးကွက်နင်းနေတာ။ ကြည့်နေ ဒီကောင်လေး တွေ့မယ် သူ့အကိုရှေ့ကျ ပြားပြားဝပ်နေမှာ။
အကို့ကိုဆို ၂ခွန်းပြန်မပြောရဲမှန်း သိတာကြောင့် ခိန်း ပြောလိုက်သည်
"ပြီးခဲ့တာတွေလည်း ထားလိုက်တော့ ဒီထက်ပိုပြီး ရှင်းရခက်အောင် မလုပ်နဲ့ အိမ်ပြန်ရောက်မှ မင်းအကို ဖြေရှင်းပေးလိမ့်မယ်။ ငါ ခဏနေ ဖုန်းဆက်ပြီး ငါတို့ကို လာကြိုဖို့ လူလွှတ်ခိုင်းလိုက်မယ်"
"ခိန်း ခဏလေး"
"ဘာလဲ?"
"ဖုန်းပြန်ရှာတွေ့ထားတယ်"
"ဘယ်မှာလဲ?"
"အခု ကျွန်တော့်ဆီမှာ ပါမလာဘူး တခြားတယောက်ဆီမှာ သူတို့ ဒီ၁ရက်၂ရက်အတွင်း လာလိမ့်မယ်"
"ဘယ်သူတွေလဲ?"
"နိုင်းခုံကိုသိလား?"
"အင်း"
"သူ့ဆီမှာ"
"ဘယ်လိုကြောင့် သူ့ဆီ ရောက်နေတာလဲ?"
"အဲ့ဒါက.."
တကယ်တမ်း အန်နာဆီကနေမှ တဆင့် ရလိုက်တာ သူပြန်မပြောခဲ့။
YOU ARE READING
Silent White Lies (Complete)
Romanceအချစ်ဆိုတာ လေပြေလေးလိုပဲ ဘယ်အချိန်ဘယ်နေရာကတိုးဝင်လာလိုက်မှန်းမသိရပေမယ့် ကျနော်သတိထားမိလိုက်တဲ့အခါမှာတော့ ရင်ထဲမှာ ထိုလူသားကိုချစ်တဲ့အချစ်တွေနဲ့ ပြည့်နှက်နေတယ်