အပိုင်း(33)

Start from the beginning
                                    

"ဟော မြတ်ကလေး
အမလေး ငါ့သားကြီး အရပ်တွေရှည်လို့ အရင်ကထက် အများကြီးပြောင်းလဲ သွားတာပဲ နိုင်ငံခြား သားကြီး လုံးလုံးကို ဖြစ်လို့..."

"မာမီ သားပါပဲ ဗျာ အန်ကယ် နေကောင်းတယ်နော် "

"ကောင်းပါ့ဗျာ ဟိုအကောင်နဲ့ ဘာဖြစ်လာကြတာလဲ။ ရန်ဖြစ်လာကျပြန်ပြီလား မင်းတို့ကလေးတွေလဲ မဟုတ်ကြတော့ပဲကွယ်"

ရှိန်း ထိုလူအားမျက်စောင်းထိုးကာ ကြည့်လိုက်သည်။ ရုပ်ကိုကပြီတီတီနဲ့ ဘယ်လိုလုပ်ငန်းရှင်ဖြစ်လာ
လဲမသိ။နဲနဲမှ သူကြည့်မရရွံ့စရာကောင်းလွန်းလှသည်။

'လူကိုလဲလူတွေအများကြီးရှေမှာ ဘာတဲ့ My Cowတဲ့ ကျုပ်ကို နွားဇာတ်လာသွင်း နေတာ တွေ့ဦးမယ် ငလိုးမသားကြီး!!'

"မသိပါဘူး အန်ကယ် ရာ ကျွန်တော် ဘာမှလဲမလုပ်ရပါဘူး လေဆိပ်က ပြန်လာထဲက အဲ့ရုပ်လေးဖြစ်နေ
တာ "

"ခင်များ !!!ခင်များ လူကိုဘယ်လိုခေါ်တာလဲထည့်ပြောအုံးလေ ကျုပ်ကိုဘယ်အစား ထင်လို့ ဘယ်လိုလာခေါ်တာလဲ!  "

"ကိုယ်ဘယ်လိုခေါ်လို့လဲ "

တင်းမာနေတဲ့သားမျက်နှာကြောင့် ဦးမင်းဆက် ကြားက၀င်မေးလိုက်ရသည်။

"ငါ့တူက ဘယ်လိုသွားခေါ်လို့တုန်း "

" Cow .. My Cow လို့ပဲခေါ်တာပါ"

"ဟေ....ဘယ်လိုဖြစ်လို့တုန်း "

" ရှိန်းက နွားအရမ်းချစ်တယ်တဲ့ အဲ့လိုခေါ်ရင် သိပ်သဘောကျတာတဲ့။ အဲ့ဒါကြောင့် သားက သူအကြိုက်လိုက်ပြီခေါ်မိတာပါ သားဘာမှားလို့လဲ"

မေမေ ကော ဖေဖေပါ အစကကြောင်သွားပေ့မယ့်နောက်မှ ဝါးလုံးကွဲ ထရယ်ကြတော့သည်။ သား အရမ်းစိတ်ဆိုးနေမှန်းသိ၍ အရယ်ရပ်လိုက်ကြပြီး ပြုံးစိစိနှင့်
ဦးမင်းဆက် က လှမ်းမေးသည်။

"မင်းကိုဘယ်သူပြောတာလဲ
မြတ်မင်းထင် ရ"

"ဓနဘုန်းအောင် .... လေ "

"ဘာ!!!!!တွေ့မယ် မအေဘေး"

ရှိန်းမင်းဆက် အော်ဟစ်ဆဲဆိုတော့ ဖေဖေနဲမေမေ ရယ်လိုက်ကြတာဆိုတာ မရပ်တော့ပေ။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now