အပိုင်း(32)‼️

Start from the beginning
                                    

"မင်းလင်က ဘယ်နှစ်ယောက်ရှိသေးလို့လဲ"

အပြောကြမ်းတဲ့ဓနကြောင့် သားဆက်ရဲ့ နားကို လက်နဲ့ပိတ်ရင်း ရှိန်း မကြည်သလိုကြည့်ကာဖြေလိုက်သည်။

"နောက်အပတ် ထဲရောက်
မယ်ပြောတယ် ဘာလို့လဲ "

" Switzerland မှာ လုပ်ငန်းအသစ်ထပ်ချဲ့ချင်လို့ကွာအဲ့ဘက်က ကမ္ဘာလှည့် ခရီးသွားတွေများတော့ခြေဆန့်ကြည့်မလားလို့မင်းအမြင်ရော ဘယ်လိုလဲ "

"မဆိုးပါဘူး လုပ်လေ ငါရောပါမယ် ကံစပ်ကြည့်ကြတာပေါ့"

"မင်းနဲ့ ဟား ဟား ဟား လုံးဝမလုပ်နိုင်ဘူး Jose နဲ့ လုပ်မှာ "

"ခွေးသူတောင်းစား လူးပါးဝ လို့ ငါ့လူကငါစကားတစ်ခွန်းပဲဆိုတာမေ့မနေနဲ့ဦး သားကြီး"

"ဟားဟား....အလာကြီးပါလားဟ ငါ့လူတဲ့ "

ရှိန်းမင်းဆက် ပြောပြီးမှ စကားမှားသွားမှန်း သိကာ မျက်နာတွေနီရဲသွားသည်။

"အိမ်သူ သက်ထား ဇနီးမယားတွေက အိမ်မူ့ကိစ္စ လုပ်ပြီး အိမ်မှာနေရတာမျိုးကွ "

"လိ့ကို အိမ်သူသက်ထား ငါရုပ်က အာ့လိုပုံပေါက်နေလား ဒီမှာ ငါက Top ကွ Top"

"ဖြစ်ပါလိမ့်မယ် Jose က မင်းကို အောက်အရောက်ပို့လိမ့်မယ် ဟား ဟား ဟား!!! "

"ဟက်!!! လူပုံကြည့်ပြီး မဆုံးဖြတ်နဲ့ ဓန အခု ခေတ်က ရုပ်ကြည့်တော့မထင်ရသလိုနဲ့အောက်ကနေအော်ညည်းနေတဲ့သူတွေမှ တစ်ပုံကြီးပဲ နော့ ကိုတေဇ "

'ဒီနှစ်ကောင် ငါဘက်လှည့်လာပြန်ပြီး ကွာ '

"မင်းတို့ဟာ မင်းတို့ရှင်းကွာ ငါ့ဘက်လှည့် လှည့်မလာကြနဲ့ "

တေဇ ကိုယ်အပူနဲ့ကို အိုးမလုံ အုံပွင့်နေရသည့်အဖြစ်မျိုး။ ဓနရဲ့ နိုပ်ကွပ် မူ့အောက် တစ်သက်လုံး သူအရောက်မခံနိုင်။

"စကား အကောင်းပြောမယ်ကွာ ကျွတ်!!မင်းပါးစပ်ကို ခဏလောက် တည်တည် တန့်တန့်ထား "

"မင်းက.....ဘယ်လောက်ထိ မှန်းထားလို့လဲ "

"ငါ Hotel အပြင် အပန်းဖြေ Villa လေးတွေထိလုပ်ကြည့်မလားမှန်းထားတယ် "

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now