အပိုင်း(26)

Start from the beginning
                                    

"ဟင်အင့်.. ဟင်အင့်... မလိုချင်ဘူး မယူချင်ဘူး!!! ထွက်သွားပေးကြပါ ကျွန်တော် တစ်ယောက်ထဲ နေချင်တယ် ထွက်သွားပေးကြပါ!!!"

သက်ပိုင် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာကာ သူတို့ကိုနှင်နေမိသည်။

"ok ...ညီ ခေါင်းအေးအေးထား
ပြီးအချိန်ယူစဥ်းစားပါ ...ကိုယ်တို့ အပြင်မှာရှိနေမယ်"

သူတို့ အားလုံးအပြင်ထွက်လာကြပေ့မယ့် မျက်နာတွေကတော့မကောင်းကျ။  ရင်ထဲမှာ ချိနေအောင်ခံစားရသည်။ ဓန ကို စိတ်ဆိုးသလို သက်ပိုင်အတွက်လဲစိတ်လဲမကောင်းနိုင်။  ဖြစ်ပြီးသာတွေလဲ ဖြစ်ခဲ့ ကြပြီမို့ ရှေ့ဆက်ရမယ် ကလေးရဲ့ အနာဂတ်တွက်သူတို့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ဖို့သာကျန်တော့သည်။

"ဟူးးးးး"

တေဇ သက်ပြင်းရှည်ကြီးချကာ ထိုင်လိုက်တော့ မှိုင်းက သူလက်တွေကိုဆုပ်ကိုင်လာသည်။

"ပင်ပန်းနေပြီလား ... "

"အွန်း နည်းနည်းပေ့ါ.... "

" လူကြီး  အနားမှာ ကျွန်တော်ရှိတယ်နော်... "

"တော်သေးတယ်မှိုင်းရာ... ကိုယ်တို့ကံကြမ္မာတွေအခုလောက်ထိမဆိုးခဲ့ကြလို့ ကိုယ် မင်းကိုတစ်ကယ်ကျေးဇူးတင်တယ် မှိုင်း.."

"ဒါတွေပြောဖို့လို့လား...ဗျာ"

မှိုင်း တေဇ နဖူးလေးကို နမ်းကာ
ဆိုတော့ ရှိန်းကြည့်၍ တစ်ဖက်လှည့်ကာမဲ့လိုက်သည်။ သိပ်ပြီလဲ
မကြည်ချင်တော့။

'စိတ်ညစ်ရတဲ့အထဲ ဒီအတွဲတွေက တစ်မျိုး ငါမှာ လဲ လွတ်ကို မလွှတ်နိုင်ဘူး ကွာ...'

"ရှိန်း... မင်းပြန်တော့မှာလား"

"မပြန်သေးဘူး.... ညနေမှ ပြန်မယ် တေဇ"

"ငါ ဓန ဆီ ဖုန်းလှမ်းဆက်လိုက်အုံးမယ်။ မင်း သက်ပိုင်ကို ကြည့်ထားပေးပါဦး"

"အေး ...သွားလေ မြန်မြန်လက်စသတ်ပြီး ပြန်လာဖို့ ပြော
လိုက်ဦး ကြာရင် ညီ စိတ်ကပိုဆိုးပြီးထိခိုက်သွားလိမ့်မယ်"

" အေးပါ ....ငါသိပါတယ်"

ရှိန်း အထဲကို ပြန်ဝင်သွားသည်။
ဆေးရုံ က BHONE Group ရဲ့ ရှယ်ယာ အများဆုံးဆေးရုံ ဖြစ်သည်မို့ ဒီကိစ္စကို လူသိခံစရာမလိုပဲသူတို့ဖြေရှင်းလိုက်နိုင်သည် ။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now