April Fool 💫🌟🙈🤎(2023)

536 51 2
                                    

"ဘာမှမလုပ်ပါနဲ့ကွာ ခေါင်းကနေ ခြေအဆုံးထိ သနပ်ခါးတွေ
လိမ်းပြီးတော့ နေပါ အချစ်ရယ်~~"

"ချစ်တာကို ချစ်တာကို ချစ်တာကို ချစ်တာကို~~"

🎸🎸🎸🎸🎸🎸🎸🎸

"ချစ်တာကို မနေကြနဲ့ ထမင်းလာစား စာမေးပွဲလေးပြီးတာနဲ့ ဒီဂစ်တာပဲ ထိုင်တီးနေကြတယ်"

"ကဲ လင်းရေ အန်တီက ငြိုငြင်နေပြီ"

"အေးဟ ခဏနေ နွေတိမ်ကန်ဘက်သွားမယ်"

"အိုခေ"

"နှစ်ယောက်လုံး အိမ်ထဲက ထွက်ကြည့်လေ တို့အကြောင်းသိမယ်"

"အိမ်ထဲကလား ထွက်မယ်ပြောမိလို့လား ဟဲ့ လင်း ဘယ်သူပြောတာလဲ"

"ဟင့်အင်း ငါမပြောပူး နင်လား ကိုး"

"အို တော်ကြတော့ ဟိုလူ့လွှဲချ ဒီလူ့လွှဲချနဲ့ကွယ် တကယ် မင်းတို့များ"

"ဟီး စိတ်မဆိုးပါနဲ့ တီသစ်ရယ် နော်"

"ဟုတ်တယ် စိတ်မဆိုးပါနဲ့ အန်တီရဲ့ ကိုးတို့က ပျင်းနေမှာစိုးလို့ရယ်ကို"

"အိုကွယ် ဒီကလေးလေးနှယ် ပြောတာကိုက ထမင်းစားပြီးရင် ဟန်နီနဲ့နိုးနိုးကိုသွားခေါ်ကြလေ တို့ မင်းတို့ကို မုန့်လုပ်ကျွေးမလို့ရယ်"

"ခုနက အိမ်ပြင်ထွက်ရပူးဆို အန်တီရဲ့"

"ကလေးလေးကွယ် တို့ကိုလိုက်ကပ်သပ်ပြောနေတယ် သွားခေါ်ဆို ခေါ်လိုက်ပေါ့ကွယ်"

"ဟင်းးးးး လူကြီးတွေလည်း ပြောင်းလဲတက်နေပြီပဲ"

"ဟောတော့ လူကြီးပိစိလိုပြောသွားတယ် ကိုးငယ်လေးကတော့"

သစ်မေမှာ အရင်လကမှ စာမေးပွဲပြီးခဲ့ကြ‌သော ကိုးငယ်တို့အဖွဲ့ကို မုန့်လုပ်ကျွေးဖို့ ဒီနေ့ အလုပ်မသွားပဲ အိမ်မှာ အနားယူနေသည်။
ကိုးငယ်မှာ သူ့အမေ မလွှတ်တဲ့ကြားက စာမေးပွဲပြီးတဲ့အကြောင်းကို ဆင်ခြေပေးပြီး အရင်ညတည်းက ရောက်လာလေရဲ့။
အခုလည်း မနက် ၁၁နာရီထိုးကာမှ နိုးလာကြပြီး သစ်မေရဲ့တူမတော်နဲ့ ဂစ်တာထိုင်တီးနေကြတယ်‌။

"တီသစ် ကိုးက သစ်ခွရေခဲမုန့်နဲ့မတည့်ပူးလေ"

"အွန်း သိတယ်လေ"

ෆ Khit Thit Aunty ෆWhere stories live. Discover now