ෆ Khit Thit Aunty ෆ - 3

629 60 5
                                    

"ခေမီ.....တို့ပြောချင်တာရှိတယ်"

"‌အွန်....ထူးထူးဆန်းဆန်းရယ်....ဘာပြောချင်လို့လဲ...."

"တို့....အခုပြောမှာကို.....နားနဲ့မနာ....ဖဝါးနဲ့နာပါကွယ်......တို့....တို့.......ဟို"

"သစ်မေ!..... စိတ်ရှည်တယ်နော်....ပြောစရာရှိတာမြန်မြန်ပြော‌....အသက်ကသုံးဆယ်ကျော်နေပြီ....ဆယ်ကျော်သက်တွေလိုတုံ့ဆိုင်းပြမနေနဲ့"

"တို့....မင်းတူမကို....ဟို.....မေတ္တာသက်ဝင်နေတယ်"

"ဘာ!!"

"စိတ်....စိတ်လျှော့ပါခေမီရယ်.....တို့တကယ်စိတ်ရင်းပါ"

"ကျစ်!.....သစ်မေ....ငယ်တော့တာလည်းမဟုတ်ပဲနဲ့ကွာ.....မမိုက်ချင်စမ်းနဲ့"

"အချစ်ကအသက်နဲ့မှမဆိုင်ပဲရယ်.....မိုက်ချင်တာလည်းမဟုတ်ရပါပူး.....ကိုးငယ်ကိုတွေ့ရင်....တို့ရင်ခုန်တယ်.....ကိုးငယ်ရဲ့ခပ်အေးအေးနဲ့ရွဲ့တတ်တာကို....တို့မြတ်နိုးမိတယ်......ကိုးငယ်ရဲ့အချစ်ကို....တို့အလိုရှိတယ်....ခေမီ....တို့ကိုနားလည်တယ်မလား"

"ကိုးငယ်မှာ....ချစ်ရတဲ့သူရှိတယ်"

"အဟက်!....တို့သိပါတယ်"

"သူအဲ့ကောင်မလေးကို......ချစ်တာမှ....အမြဲတမ်းပျင်းရင်ဗိုက်ဆာတယ်ရွတ်တတ်တာသိလို့......မုန့်ဝယ်စားဆိုပြီးပေးသမျှသူအငတ်ခံစုတယ်.....တဖြည်းဖြည်းလေးလာတဲ့သူ့စုဘူးကိုကြည့်ရင်း.....ကိုးချစ်တဲ့သူအတွက်စာအုပ်ဝယ်ပေးနိုင်ပြီလို့တို့ကိုပြုံးရွှင်ပြီးလာပြောတယ်.....အဲ့လိုပဲ....ပျော်ရတာကနေ.....သူတို့အဆင်မပြေကြတဲ့အခါ....မျက်ရည်ကျတဲ့ထိချစ်ပေးတယ်...ဟိုဘက်က....ကလေးမ....ဘယ်လိုရှိတယ်ဆိုတာ...တို့မသိနိုင်ပေမဲ့....တို့တူမရဲ့ပျော်တဲ့ပုံ.....ဝမ်းနည်းတဲ့ပုံ....အရုပ်ကြိုးပျက်‌လဲကျတဲ့ပုံတွေ.....တို့မြင်နေခဲ့ရလို့.....ကိုးငယ်...အဲ့ဒီကလေးမကိုသွက်သွက်ခါခါရူးမှန်းသိရတယ်....ဒီလိုအခြေအနေကြား....သစ်မေဝင်မရှုပ်တာကောင်းမယ်.....မင်းနာကျင်ရလိမ့်မယ်သစ်မေ"

ခေမီပြောတဲ့ စကားတွေကြောင့် သစ်မေ ကလေးငယ်ကို သနားစိတ်လည်းဝင်မိသည်။
ထိုကလေးငယ်ရဲ့နာကျင်မှုအတွက် ဖွင့်ဟဖို့ ပုခုံးတစ်ခု ရင်ခွင်တစ်စုံကိုလည်း ပေးအပ်ချင်တဲ့ ရူးသွပ်မှုဖြစ်လာတယ်။
ကိုးငယ် အနှီကလေးမကို ဘယ်လောက်ချစ်တာမှန်း သစ်မေသိသွားလည်း၊ ကိုးငယ်ရူးသွပ်မှုကိုသိသွားလည်း၊ သစ်မေကိုယ်တိုင် နာကျင်ရမယ်မှန်းသိပေမဲ့လည်း၊ ဆုံးဖြတ်ချက်ခိုင်မာမှုတို့ထင်ဟပ်နေတဲ့ မျက်ဝန်းတွေနဲ့ သစ်မေေပြာလိုက်တာက...

ෆ Khit Thit Aunty ෆWhere stories live. Discover now