RVTIACF Chapter-(49)

Start from the beginning
                                    

ရှောင်းဟန်ကသူ့ရဲ့ ဝတ်စုံနဲ့နက်ခ်တိုင်ကိုချွတ်ပြီး ကြယ်သီးနှစ်လုံးဖြုတ်ထားတဲ့ အနက်ရောင်ရှပ်ကိုဝတ်ထားလေသည်။ ဆန်းကြယ်ပြီးဖျားယောင်းတတ်တဲ့ လေထုက သူ့ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေလေရဲ့။

သူဘားကောင်တာရဲ့ နောက်မှာရပ်ပြီး ခွက်ထဲကိုဝိုင်နီငှဲ့ကာ ဂရုမစိုက်စွာပြုံးရင်း

"နည်းလေပိုလိုချင်လေပဲတဲ့။ သူတို့ကိုယ်တွင်းက နက်ရှိုင်းတဲ့ဆန္ဒတွေကို ဖုံးကွယ်ထားဖို့ ထိန်းချုပ်ထားသယောင် ဟန်ဆောင်ရမယ်တဲ့။"

ချူရှောင်းလမ်းလျောက်သွားကာ ဝိုင်ခွက်ကိုစိုက်ကြည့်ရင်း ဘားကောင်တာကိုမှီကာ

"ဒါက ကျွန်မကိုပိုပြီး စူးစမ်းချင်လာအောင် လုပ်နေရော။"

"miss ချုမှာ စူးစမ်းဖို့အခွင့်ရေးတွေ အများကြီးရှိပါသေးတယ်။"

ရှောင်းဟန်သူ့နာရီကို ငုံ့ကြည့်လိုက်၏။

"စောသေးတယ်။ ဝိုင်လေး လေသလပ်ထားတုန်း ကိုယ်တို့အစီအစဥ်တွေကို ပြန်ပြင်ကြစို့။"

"ဒါပေါ့၊ ရှင်နဲ့အတူ ပထမဆုံးပူးပေါင်းတဲ့ အကြိမ်ပဲကို။ ကျွန်မတို့ဘယ်လို အကြံမျိုးတွေရမလာမလဲ တွေ့ရဖို့စိတ်လှုပ်ရှားနေပြီ။"

ချုရှောင်းသူ့နားဆွဲတွေကို ကလိရင်း သူမမျက်နှာထက်က အပြုံးလေးတစ်ပွင့်နဲ့ သူ့နောက်ကလိုက်လို့သွား၏။

သူတို့ စာကြည့်ခန်းထဲ ရောက်လာတာနဲ့ ရှောင်းဟန်သူမရှေ့ကသွားပြီး သူ့အလုပ်ထိုင်ခုံရှိနေတဲ့နေရာကို ခုံလွတ်တစ်လုံးအလွယ်တကူ တွန်းပို့လိုက်သည်။ ထို့နောက် သူထိုင်ပြီး ကွန်ပျူတာကို ဖွင့်လိုက်၏။

"ကျွန်တော်မှာ အချက်အလက်တစ်ချို့ ရထားတယ်။ ဒီမှာ တစ်ချက်ကြည့်လိုက်ပါ။"

"ကောင်းပြီလေ။"

ဖန်သားပြင်ပေါ်က အချက်အလက်တွေဖတ်ရင်း သူ့ဘေးကထိုင်ခုံမှာ ချူရှောင်းဝင်ထိုင်လိုက်၏။

သူတို့တွေက ယိမိသားစုရဲ့ကုန်အမှတ်တံဆိပ်ကို လိုချင်နေမှတော့ သူတို့နှစ်ယောက်လုံး အခြေအနေအများစုကို ဆွေးနွေးဖို့အချင်းချင်း ဆက်သွယ်ကြပြီးဖြစ်သည်။ ရှောင်းဟန်သူမကိုပြလာတာတွေက သူတို့အစီအစဥ်ပြောင်းသင့်ကြောင်း ဖော်ပြနေတဲ့အတွင်းသတင်းအချက်တွေ ဖြစ်ကြသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now