Part - 2 ( Zawgyi )

Start from the beginning
                                    

" ဘာ!!! ကလေးဟုတ်လား ၊ ဘာကိုကလေးလဲ
ကျွန်တော့်ချစ်သူကိုသတ်တဲ့လူသတ်ကောင်က ကလေးတဲ့လား၊ သက်ထက်ပန်ဆိုတာ လူတစ်ယောက်ကိုသေအောင်သတ်ခဲ့တဲ့ လူသတ်ကောင်ပဲ ၊ သူကြောင့်သေသွားရတဲ့
ရှိန်းခေါင်ယံဆိုတာ ကျွန်တော့်ချစ်သူ ၊ ကျွန်တော်လက်ထပ်ဖို့
ရည်ရွယ်ထားတဲ့သူ ၊ အခုသူ့ကြောင့် ရှိန်းသေရတာ ၊
ရှိန်းကိုသေအောင်သတ်ရတာကိုတောင်အားမရလို့ ရှိန်းရဲ့
နှလုံးကိုသူ့အတွက်အစားထိုးပြီး သူ့ကိုအသက်ဆက်ရှင်ခိုင်း
ထားတယ်ပေါ့ ၊ အဲကောင်ကိုပြန်သတ်ရမှကျေနပ်မယ် ၊
ရှိန်းလိုလူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဒီလိုလူသတ် သမားရဲ့ခန္ဓာကိုယ်ထဲမှာမထားနိုင်ဘူး "

ကိုယ့်စကားကြောင့် အဖေကငိုင်ကနဲဖြစ်သွားချိန် ဒေါ်နှင်းပန်းအိမ်ကတော့ အသံကျယ်ကျယ်နဲ့ရှိုက်ငိုလာရင်းမှသည်

" မဟုတ်ဘူးသားရယ် သားငယ်လေးက ဘယ်သူ့ကိုမှမသတ်ရပါဘူး ၊ ဒီကလေး ဘယ်လောက်အနေအေးလဲ
သားလည်းသိနေတာပဲကွယ်၊ အတော်တဆမှုဖြစ်တဲ့အချိန်က
သားငယ်လေးနှလုံးကထိခိုက်မိသွားတာကို တဖက်လူနာက
သူမသေခင်လေးမှာ ဒီကလေးအသက်ကိုရအောင်ကယ်ပေးပါလို့မှာခဲ့လို့ နှလုံးအစားထိုးကုပေးထားကျတာပါ ၊ဒီကလေးရဲ့
အပြစ်တွေမဟုတ်ရပါဘူး "

ဒေါ်နှင်းပန်းအိမ်ကရဲ့ရှိုက်ငိုသံတွေကိုကြားရတာ မကိုဋ်အတွက်တော့ ရွံစရာပင်ကောင်းနေလေသည်။ မယားငယ်က
မျက်ရည်တွေနဲ့လာချော့နေတာပါလား ။

" လာငိုမပြနဲ့ ဒေါ်နှင်းပန်းအိမ် ၊ မယားငယ်တွေရဲ့မျက်ရည်က ကျုပ်အတွက်တော့ ရွံရှာစရာတွေလို့ပဲမြင်တယ်၊
မအေလုပ်သူက သူဌေးမယားငယ်ခံတယ်၊ သားဖြစ်တဲ့
အောက်တန်းစားအပျက်မလိုကောင်က လူသတ်တယ်၊
ခင်ဗျားတို့သားမိနှစ်ယောက်ကို ကျုပ်ကချီးထက်ရွံတယ်၊
ငါပြောတာကိုကြားလား သက်ထက်ပန် ၊ မင်းအမေက
သူဌေးဆီမှာမယားငယ်ခံတဲ့ အောက်တန်းစားမိန်းမ၊
မင်းကတော့ မွေးရာပါအပေါက်နှစ်ပေါက်နဲ့ ယောက်ျားပျက်၊
မင်းတို့သားမိနှစ်ယောက်ပေါင်းရင်း ဆောင်ကြာမြိုင်ဖွင့်စားလို့ရတယ်၊ ငါပြောတာကြားလား "

My Husband Hates Me ( Completed )Where stories live. Discover now