Part - 2 ( Unicode )

Start from the beginning
                                    

ဒေါသစိတ်နဲ့ ကုတင်ပေါ်မှာမျက်လုံးအဝိုင်းသားနဲ့ထိုင်နေသူကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောလိုက်မိသည့်ခဏမှာပင်
ထိုကောင်လေးက တစ်ခုခုကိုပြောဖို့ကြားစားလိုက်သလို
ပုံစံဖြစ်လာပေမယ့် စကားလုံးတွေကထွက်မလာဘဲ မျက်ရည်
တွေသာစီးကျလာလေသည်။ထို့နောက်မှာတော့ ကုတင်ဘေးနားမှာရှိနေသည့်စက်ပစ္စည်းတွေထံမှာ ကျယ်လောင်သောအသံတွေထွက်လာကာ ထိုကောင်လေးလဲကုတင်ပေါ်မှာပင်
ခေါင်းငိုက်စိုက်ကျသွားရင်း သတိမေ့သွားလေတော့သည်။

"case in room 201 "

" သားရေ သားလေးရေ အကိုရေ သားကိုကယ်ပါဦး "

" သားငယ်ရေ သားရေ ကယ်ပါဦး ကျွန်တော့်သားလေးကိုကယ်ကျပါဦးဗျာ "

" သားရေလို့ မေမေ့သားလေးရေ သားလေးဘာမှဖြစ်လို့မရဘူးလေ ၊ မေမေတို့ ဘယ်လိုတောင်မွေးထားရတဲ့ကလေးလဲလို့ ၊ သားကအခုလိုဖြစ်လို့မရဘူးလေသားရယ်၊ မေမေ့ကို
ကြည့်ပါဦးသားရယ် ၊ သားရေ သက်ထက်ပန် မေမေ့သားလေးရယ်"

ဆေးရုံရဲ့အထူးခန်းအတွင်းချက်ချင်းဆိုသလို ငရဲကျကုန်သလိုမျိုးငိုသံတွေဆူညံသွားရတော့သည်။ မကိုဋ်ကတော့ ဒီမြင်ကွင်းကိုကျေနပ်သလိုမျိုး ပြုံးပြုံးကြီးရပ်ကြည့်နေလိုက်၏။
သေသွားစမ်း သက်ထက်ပန်။ချက်ချင်းသေသွားလိုက်စမ်း။
ဆရာဝန်ကြီးတွေကချက်ချင်းရောက်လာကာ သတိမေ့နေသူ၏ ဆေးရုံအကျႌတွေကိုဆွဲခွဲလိုက်ပြီး အရေးပေါ်အသက်ကယ်ဖို့
ပြင်ဆင်ကျလေတော့သည်။ တာဝန်ရှိသူတွေရဲ့ အမိန့်နဲ့
လူနာမဟုတ်သူတွေအကုန်လုံး အခန်းအပြင်ကိုထွက်ခွာလာရသည့်အခါ ။

" ခွပ်!! "

မကိုဋ်ရဲ့ပါးပြင်တစ်ဖက်ကပူကနဲဖြစ်သွားရကာ မျက်နှာလည်း
လည်ထွက်သွားရ၏။ သွေးညှီနံ့ကလည်းချက်ချင်းကိုနှာခေါင်းထဲအထိရောက်လာသည်။ အဖေကလက်သီးကိုကျစ်နေအောင်
ဆုပ်ထားရင် အသားတွေလည်းတဆက်ဆက်တုန်နေလေ၏။
မျက်ဝန်းတွေကနီရဲနေပြီး မျက်ရည်တွေကလည်းမျက်နှာပြင်တစ်ခုလုံးစိုရွှဲနေလေသည်။ ဒေါ်နှင်းပန်းအိမ်ကတော့ လူနာစောင့်တွေအတွက်ချထားပေးသည့်ခုံမှာပင်မထိုင်နိုင်တော့ပဲ
အုတ်နံရံကိုမှီထိုင်ကာ ရှိုက်ကြီးတငင်ငိုနေလေသည်။

My Husband Hates Me ( Completed )Where stories live. Discover now