အချစ်လွန်သို့အချစ်ကျွန် Room22

Start from the beginning
                                    

"ပိုင် မောင့်ကို မချစ်နိုင်တာ မချစ်တာကို
မောင်သိပေမယ့်
အဲ့လောက်အထိ မောင့်အပေါ်ရက်စက်ဖို့လိုလား
ခုလို ပိုင့်စိတ်တိုင်းကျဟိုလူ့လက်ထဲထည့်
ဒီလူ့လက်ထဲထည့်နဲ့
ဘာလဲ မောင့်စည်းစိမ်တွေကုန်သွားလို့
မောင့်စည်းစိမ်တွေ သုံးရတာအားမရသေးဘဲ
ငွေဝယ်ကျွန်လို
မောင့်ကို ရောင်းစားလိုက်တာလား ပိုင်
ဟင် ပြောပါဦး"

"မောင် တော်တော့"
မတော်ဘူး ပိုင်"
"ပိုင် မကျေနပ်လည်းပြောမယ်
ပိုင် မောင့်ကို စစ်ရန်မှူး နဲ့
လက်ထပ်စေချင်တာမလား
သူ့အိမ်မှာနေစေချင်တာမလား"

"မောင့်"
"ဘာလဲ မောင်က ပိုင့်ကိုစွပ်စွဲမိတာလား
ဒီလိုဆိုလည်းဘာကြောင့်ဆိုတာ
မောင့်စွပ်စွဲချက်တွေဖြေရှင်းပါဦး ပိုင်ရဲ့"

မောင်က မျက်ရည်အပြည့်နဲ့
နာကျည်းကြေကွဲနေတော့
ကျနော့်မှာ ဆောက်တည်ရာမရ

"မောင် ကျနော် တောင်းပန်ပါတယ်"

"မတောင်းပန်နဲ့ ကောင်းလင်းပိုင်
မောင့်အချစ်ကို လက်မခံလို့ရတယ်
မောင့်ဘက်ကချစ်​ေနရရင်ပြည့်စုံတယ်
ဒါပေမယ့် မောင်အချစ်ကို
စော်ကားလို့တော့မရဘူး ပိုင်"
<><><><><>©<><><><><><>

ကျနော့်ပါးပေါ်က မျက်ရည်တွေက
ကျနော့်ကိုယ်ပိုင်လား
ကျနော့်နှလုံးသားအပိုင်လား မသိရဘူး
မောင်ရယ်...

မောင့်ရဲ့တစ်ရက်စာအတိတ်ကို
ကျနော်က ဘယ်လိုဒဏ်ရာနဲ့ ပြန်တူးဆွရမလဲဗျာ
မောင့်ရဲ့အသက်ကို ကယ်တင်ပေးလို့
မောင့်ကို ပိုင်ဆိုင်ခွင့်တောင်းခဲ့တာ
မောင်သာ ကျနော်နဲ့ တစ်မိုးအောက်မှာရှိနေရင်ကို
ကျနော် ရှင်သန်နိုင်တဲ့စိတ်နဲ့ပါ မောင်

"မဖြေနိုင်ဘူးမလား ပိုင်
ရတယ်လေ မောင် စစ်ရန်နဲ့လက်ထပ်မယ်
ဒါပေမယ့် လက်မထက်ခင်အထိ
ဒီအိမ်မှာဘဲနေမယ်

စစ်ရန်မှူး ကိုလည်း မောင့်ဘေးမှာ ခေါ်ထားမယ်"

"ဟုတ်ကဲ့ မောင်
ကျနော်ထွက်သွားပေးပါ့မယ်"

"ပိုင်ထွက်သွားဖို့မလိုပါဘူး
မောင့်အတွက် ဆက်ပြုစုပါဦးလေ
ပိုင့်​ရဲ့ အချစ်ကျွန် ကြီး မောင့်ကို
ပြန်ပြီး ဆက်သခွင့်ပေးပါဦး "

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now