Chapter - 194 "မိန်းမတစ်ယောက်ပါပဲ"

332 24 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter - 194

"မိန်းမတစ်ယောက်ပါပဲ"

အမျိုးသမီးသည် စုယဲ့ယွဲ့အား စိုက်ကြည့်လိုက်ရင်း -

"မိန်းကလေး . . . မင်းနာမည် ဘယ်လိုခေါ်လဲ"

စုယဲ့ယွဲ့သည် ရဲရှောင်၏ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း တုန်ယင်သော အသံဖြင့် -

"ကျွန်မ နာမည် စုယဲ့ယွဲ့လို့ ခေါ်ပါတယ်။ ရဲရှောင်ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်"

အမျိုးသမီးသည် စုယဲ့ယွဲ့၏ နာမည်အား ကြားလိုက်ရသောအခါ -

"စုယဲ့ယွဲ့တဲ့လား . . . တယ်လှတဲ့ နာမည်ပဲ။ ညအချိန်သာ မရှိရင် လမင်းကြီးလည်း ဘယ်သာနိုင်ပါ့မလဲ။ ညဘက်နဲ့ လမင်းကြီးကို ကိုယ်စားပြုထားလို့ မင်းရဲ့ နာမည်က သိပ်လှတဲ့ နာမည်ပဲ"

အမျိုးသမီးသည် စုယဲ့ယွဲ့၏ နာမည်ကိုသာ စိတ်ဝင်စားလျက်ရှိပြီး ရဲရှောင်အား ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်ဆိုသော စကားကိုမူ ဂရုပင်မစိုက်ချေ။

ရဲရှောင်သည် သူမအတွက် မြူ မှုန်တစ်မှုန်လောက်ပင် အရေးမပါသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

အမျိုးသမီးသည် ချိုသာသော အသံဖြင့် -

"မိန်းကလေး . . . မင်းအနေနဲ့ မကြာသေးခင်က ထူးခြားတာ တစ်ခုခု ကြုံတွေ့ခဲ့ရသေးလား"

အမျိုးသမီးသည် ဖီးနစ်ခန္ဓာကိုယ်ရှိသည့် မိန်းကလေးအား နှစ်ထောင်ပေါင်းများစွာကြာအောင် ရှာဖွေခဲ့သော်လည်း တစ်ယောက်တစ်လေမှပင် မတွေ့ခဲ့ချေ။

သူမ၏ ကျင့်စဉ်များ တိုးတက်လာပြီး ယခင်ကထက် စွမ်းအင်များ ပိုအားကောင်းလာသောအချိန်တွင် ရှာဖွေခြင်း ခရီးစဉ်သည် ပို၍ အဆင်ပြေလာခဲ့သည်။ သူမ၏ စိတ်စွမ်းအင်အား နယ်ပယ်အသီးသီးသို့ ဖြန့်ကျက်၍ ဖီးနစ်ခန္ဓာကိုယ်ရှိသူအား ရှာဖွေခဲ့သည်။ ထို့အတွက်ကြောင့် အချိန်ကုန် လူပင်ပန်း ခံနေစရာ မလိုတော့ပေ။

ထိုခန္ဓာကိုယ်မျိုးသည် ဘုရားက ဖန်ဆင်းပေးထားသော ခန္ဓာကိုယ်ဟုပင် ဆိုနိုင်ပေသည်။ လူသန်းပေါင်းများစွာတွင် တစ်ယောက်ရှိရန်ပင် အလွန်ခက်ခဲလှသည်။ သူမအနေဖြင့် ထိုကဲ့သို့သော ခန္ဓာကိုယ်ပိုင်ရှင်အား ရှာဖွေတွေ့ရှိရန်မှာ မလွယ်ကူကြောင်းလည်းသိရှိခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now