Chapter - 103 လုပ်ဇာတ်

334 32 0
                                    

Chapter – 103 လုပ်ဇာတ်

၀မ်ဇန်းဟိုနှင့် ဂုဂျင်လုံတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

(သူ့ဆရာဆိုတော့ . . .)

ရဲရှောင်၏ စကားအသွားအလာတွင် အချက်အလက်များစွာ ဖော်ပြလိုက်ပြီး ဖြစ်သည်။

ဆိုလိုသည်မှာ ဖန်ဇီလင်သည် ထူးခြားအစွမ်းထက်သော ဆေးလုံးများ လုပ်နိုင်ခြင်း မရှိဘဲ ထိုကဲ့သို့ လုပ်နိုင်သည့်လူမှာ သူ့နောက်ကွယ်ရှိ လူဖြစ်တယ် ဆိုတာကိုပင် ဖြစ်၏။

ထိုလူသည်လည်း ထိပ်တန်းအဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။

ဂုဂျင်လုံနှင့် ၀မ်ဇန်းဟိုတို့သည် အစကတည်းက စဉ်းစားထားသား ဖြစ်၏။ ဖန်ဇီလင်၏ ပုံစံသည် နဂိုရဲရှောင်ပုံစံထက် အများကြီး ကြီးသည်ဟု ဆိုနိုင်သော်လည်း အသက် ၃၀ ၀န်းကျင်လောက်သာ ရှိနေခြင်း ဖြစ်၏။ အသက် ၃၀ အရွယ် လူတစ်ယောက်မှ ထိပ်တန်းအဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေသည် ဆိုသည့် အချက်သည် သံသယဖြစ်ဖွယ်ရာပင် မဟုတ်ပါလား။ ထို့ကြောင့် ယခု ဖန်ဇီလင်၏ နောက်ကွယ်တွင် ဆရာတစ်ယောက် ရှိနေသည် ဆိုခြင်းကို ယုံကြည်မိသွား ကြပါတော့သည်။

၀မ်ဇန်းဟို ရယ်မောလိုက်ရင်းဖြင့် -

“နောင်ကြီးဖန် . . . ကျုပ်သိချင်တာ ခင်ဗျားရဲ့ ဆရာက ထူးခြား အစွမ်းထက်တဲ့ ဖေးယွမ် ဆေးလုံးတွေ အပြင် တခြား ဘယ်လို အဆင့်မြင့် ဆေးလုံးတွေများ လုပ်နိုင် သေးသလဲ . . .”

ရဲရှောင်သည် ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းကို မော့ကြည့်လိုက်၏။ ချီတုံချတုန် ဖြစ်နေသည့် ပုံစံမျိုးဖြင့် -

“ကျုပ်က လင်းပါအို လေလံခန်းမနဲ့ ရင်းနှီးနေပြီ ဆိုတော့ ခင်ဗျားတို့ အမေးကို အမှန်တိုင်းပဲ ပြောပြသင့်တယ်လို့ ကျုပ်ဖြင့် ယူဆမိတယ် . . .”

ဂုဂျင်လုံနှင့် ၀မ်ဇန်းဟိုတို့ နှစ်ဦးလုံး စိတ်၀င်စားသွား မိကြသည်။

ဖန်ဇီလင်ပြောမည့် အကြောင်းအရာသည် အလွန် အရေးကြီးမည် ဟုလည်း စိတ်ထဲမှ အလိုလို သိနေကြပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now