Chapter - 148 "ဓားစာခံ"

Start from the beginning
                                    

ဆောင်ဂျုလည်း တံတွေးတစ်ချက်ထွေးရင်း ပြောလိုက်သည်။

လူအုပ်အတွင်းမှ အခြားလူများဟာလည်း ဆောင်ဂျု၏ ခက်ထန်ကြမ်းတမ်းပုံကို မြင်သောအခါ မည်သူမျှ ရှေ့သို့ တစ်လှမ်းပင် မတိုးဝံ့ကြတော့ချေ။

သွေးသောက်ရဲမက်များ အိမ်တော်ထဲမှ ထပ်မံ ထွက်လာကြသောအခါ သူတို့၏ သခင်လေး မြေပြင်ပေါ်တွင် လဲကျလျက် အိမ်တော်ထိန်းကြီးမှာလည်း ဒေါသအကြီးအကျယ် ထွက်နေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် သူတို့၏ လက်နက်များအား ဆွဲထုတ်လိုက်ကြ၏။

ဓားပေါင်း ၃၀ ၏ ရောင်ပြန်ဟပ်မှုသည် ပတ်ဝန်းကျင် တစ်ခုလုံးကို အရောင်တလတ်လတ် တောက်ပနေစေပါတော့သည်။

ထိုရဲမက် ၃၀ သည် လူအုပ်ကြီးအား မီးဝင်းဝင်းတောကသော မျက်လုံးများဖြင့် ကြည့်နေကြပြီး ဆောင်ဂျု၏ အမိန့်ကို ရသည်နှင့် အားလုံးကို သတ်ဖြတ်ပစ်မည်မှာလည်း အသေအချာပင်။

ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်ဟန်တူသူမှ -

“ခေါင်းဆောင် . . . ကျုပ်တို့ကို အမိန့်ပေးလိုက်စမ်းပါ။ ဒီလူတွေ အားလုံးကို သတ်ပြီး ကျုပ်တို့ သခင်လေးအတွက် ကလဲ့စား ချေပေးမယ် . . .”

ဆောင်ဂျုလည်း ထိုအချိန် စိတ်ထဲ နည်းနည်း အနေရခက်သွားမိ၏။

(သေစမ်း . . . ဒီကောင်တွေက ငါ့ထက်တောင် ပိုပြီး စိတ်ကြီးနေကြပါလား . . .)

အကယ်၍ ရဲရှောင်သာ တကယ်ခံစားနေရသည် ဆိုပါက ဆောင်ဂျုသည် ချက်ချင်းပင် တိုက်ခိုက်ရန် အမိန့်ပေးမိမည် ဖြစ်ပါသည်။

သို့သော် ရဲရှောင် သရုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သူကောင်းစွာ သိရှိလေ၏။

ထို့ကြောင့် စဉ်းစားချင့်ချိန် နေရခြင်း ဖြစ်ပေသည်

“စိတ်လျော့ထားကြဦး . . .”

ဆောင်ဂျု လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

“ငါတို့ ပထမဆုံး လုပ်ရမှာက သခင်လေး အသက်ကို ကယ်တင်ဖို့ပဲ။ ဒီလူတွေရဲ့ အသက်က ဘယ်အချိန် ယူယူ ရတယ် . . .”

သန်မာထွားကြိုင်းသည့် လူနှစ်ဦးသည် ပျဉ်ချပ်ကြီး တစ်ချပ်အား သယ်ဆောင်လာကြပြီး ဆောင်ဂျုလည်း သူ၏ လက်နှစ်ဖက်ကို ဝေ့ယမ်း၍ အပြာရောင် အခိုးအငွေ့တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအငွေ့အသက်များသည် ရဲရှောင်အား မြေပြင်ထက်မှ ကြွသွားစေပြီး ပျဉ်ချပ်ပေါ်သို့ အသာအယာ တင်လိုက်၏။ ထိုကဲ့သို့ မ၍ရွှေ့သည့် ဖြစ်စဉ်တစ်ခုလုံးတွင် ရဲရှောင်သည် အနည်းငယ်မျှပင် မလှုပ်ရှားချေ။ နဂိုလဲကျနေသည့် ပုံစံအတိုင်းပင် ရှိနေခြင်း ဖြစ်၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now