Chapter - 102 ရန်သူ

Comenzar desde el principio
                                    

သို့သော်လည်း ထိုကဲ့သို့ ဖြစ်သွားရခြင်းသည် သူ့အမှားတော့လည်း မဟုတ်ချေ။ ၀မ်ဇန်းဟိုသည် လူတိုင်း မျှော်မှန်းထားသည်ထက်ပင် ၀လွန်နေခြင်း ဖြစ်ပြီး လူသားတစ်ဦးနှင့်ပင် မတူလှပေ။

၀မ်ဇန်းဟိုသည် သိုင်းကျင့်စဉ် ပညာရပ်များအကြောင်း မသိသည့်တိုင် ထိပ်တန်းအဆင့် ပညာရှင် တစ်ဦး တိုက်ခိုက်မည် ဆိုပါက သူ၏ အသားစိုင်များကို ဖြတ်သန်း၍ အရိုးကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ဟု ရဲရှောင် ခန့်မှန်းလိုက်မိ၏။

ရဲရှောင်သည် ပြုံးပြလိုက်ရင်း လက်ဆွဲနှုတ်ဆက်သည့်လက်အား ပြန်ရုပ်လိုက်ကာ နောက်သို့ ပစ်လိုက်လေ၏။ သူ့လက်တွင် ဆီကဲ့သို့ အရာများ ပေကျံနေပြီး လူဝြကီး၏ လက်မှထွက်သော ချွေးများ လက်ဆီများပင် ဖြစ်ပါချေလိမ့်မည်။

“ဟားဟား ဟားဟား . . .”

၀မ်ဇန်းဟိုသည် ရယ်မောလျက်သာ ရှိနေလေ၏။

“လာပါ နောင်ကြီးဖန် . . . အပေါ်ထပ်ကို လိုက်ခဲ့ပါ။ ဟားဟားဟား . . . နှစ်တစ်ထောင် လက်ဖက်ရည်နဲ့ ဧည့်ခံပါ့မယ်။ ကျုပ်က မိတ်ဆွေဖွဲ့ရတာ အရမ်းကြိုက်တာဗျ။ အထူးသဖြင့် ခင်ဗျားလို တော်တဲ့ တတ်တဲ့ ပညာရှင်တွေ မျိုးနဲ့ပေါ့။ ခင်ဗျားကို မြင်လိုက်ရမှ ကျုပ်လည်း နေသာထိုင်သာ ရှိသွား တော့တယ်။ ခင်ဗျားနဲ့ မိတ်ဆွေတွေ ဖြစ်ချင်တယ်ဗျာ . . .”

သူသည် အဆက်မပြတ်ဖြင့် တရစပ် ပြောဆိုနေသည်။

(နှစ်တစ်ထောင် လက်ဖက်ရည်ဆိုမှတော့ လက်ဖက်ခြောက်က အမှုန့်ပဲ ဖြစ်ရမယ် . . .)

ရဲရှောင်သည် ဘာဆိုဘာမျှကို ပြန်လည် ပြောဆိုနိုင်စွမ်း မရှိပေ။

၀မ်ဇန်းဟိုသည် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦး ဖြစ်သဖြင့် သူ၏ တုတ်ခိုင်လှသော ခန္ဓာကိုယ် သည် တစ်ဖက်လူ အမြင်တစ်မျိုး ဖြစ်နေမည်ကို ကြိုတင် သိရှိနေပုံပါပင်။ ထို့ကြောင့် ရယ်မောရင်း ဆက်လက်၍ -

“ကျုပ်ကတော့ အေးအေးဆေးဆေးပါပဲဗျာ၊ ကျုပ်ရဲ့ ခန္ဓာကိုယ် အလေးချိန်က လွဲလို့ပေါ့။ ဟားဟား၊ ဒါလည်း ကျုပ် ဘာမှ မတတ်နိုင်ဘူးမလား။ ဘာတွေပဲစားစား စားတယ် ဆိုတာနဲ့ ၀လာမှာပဲ၊ မစားဘဲကလည်း နေလို့ မရဘူးလေ။ လေ့ကျင့်ခန်းတွေ လုပ်ပေမဲ့လည်း မထူးပါဘူးလေ။ ကျုပ် အတွက်ကတော့ အမြဲတမ်း ဝနေတော့မှာပဲ။ ဘယ်လောက်ထိများ ၀နိုင်ဦးမလဲ ဆိုတာကို ကျုပ်ကိုယ်ကျုပ် သိချင်မိရဲ့ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora