အပိုင်း (13)

Start from the beginning
                                    

"အော်ဟော် ...ကိုကိုသတိရသေးလို့ တော်ပါ သေးတယ်။ဟိုမိန်းမရောက်ထဲက မေ့သွားပြီးလား လို့ "

"သက်မင်းပိုင် !!!မင်းသိပ်ရိုင်းနေတယ်ပေါ့ "

"သား ဘာမှလုပ်နေတာလဲ မဟုတ်ဘူး။ ရိုးရိုးသားသားလမ်းမအလယ် လူမြင်ကွင်းမှာလမ်းလျှောက်နေတာ။ ကိုကိုက ကိုကို ဆုံးဖြတ်ချက်၊ ကိုကို စိတ်တိုင်းကျပဲ အရာရာ ဖြစ်ချင်မနေနဲ့ သားမှာလဲ သားဘဝနဲ့သား ဒီထက်ဆိုး လာရင် သား ထွက်သွားတော့မှာ "

"မပြောနဲ့!!!! "

ဓန အော်ဟစ်ကာ သက်ပိုင် လည်ပင်းကို ဆောင့်ညှစ်ပြစ်လိုက်ပြီး ဗီရိုနဲ့ပြေးဆောင့် ​ပြစ်လိုက်
သည် ။

"ဒုန်း!!!"

"အ!! လုပ်လုပ် အသေသတ်လိုက် သေအောင်သတ်ပေး။ သေသွားရင် ပိုကောင်းတယ်!! "

"မင်းက သိပ်သေချင်နေတယ်ပေါ့ ဟုတ်လား။ မင်းသေချင်တိုင်းသေလို့မရဘူး ။ မင်းရဲ့ရှင်ခြင်း သေခြင်းအကုန်လုံးငါနဲ့ပဲသက်ဆိုင်တယ်။အေး ဘယ်အကောင်မှလဲ လာလုယူလို့မရဘူး မင်းက ငါအပိုင်၊ ငါ့ဥစ္စာ၊  ငါဟာပဲ "

"သိတယ်... သိတာမို့ ခဏခကလာမပြောနဲ့ ။အတ္တတွေ၊အငြိုးတွေကြောင့်ပိုင်ဆိုင်ချင်တာလဲသိတယ်။သားကိုမချစ်တာလဲသိတယ်။  ကိုကို သားကို တစ်ခါလေးတောင် ချစ်ခဲ့ဖူးလို့လား။ငါ့အပိုင်ဆိုတဲ့စကားကို ခဏခဏလာမပြောနဲ့ အားး!!! "

​သက်ပိုင်အော်ဟစ်ကာ ပြန်ပြောပြစ်လိုက်သည်။

ဓန ပြန်ခံပြောနေသောကောင်လေးကိုကြည့်ကာ စိတ်မထိန်းနိုင်ဒေါသအရမ်းထွက်သဖြင့် ပါးကို လက်ပြန်ရိုက်ချပြစ်လိုက်သည် ။

"ဖြန်း! !!ဖြန်း!"

သူ ထူပူသွားကာနာကျင်မူ့ကိုမခံစားရ။ နီရဲသွားတဲ့ပါးကိုလက်
ဖြင့်အုပ်ကိုင်ကာ ကိုကိုအား  ပြုံး၍ကြည့်လိုက်သည်။ သူသိပ်ကိုပင်ပန်းနေပြီ။

"မုန်းတယ်!!! ကိုကို ကို အရမ်းမုန်းတယ် "

" မပြောနဲ့ !!! မင်းစောက်ပါးစပ်ပိတ်ထား။ မင်းပါးစပ်က အဲ့စကား ထပ်ကြားရင် ငါသတ်ပြစ်မယ် ပိတ်ထား!!!"

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now