RVTIACF Chapter-(44+45)

Start from the beginning
                                    

"သူကနင့်ကို သစ်စိမ်းချိူးချိူးသွားတာတောင် နင့်မှာသူနဲ့ရတဲ့ကလေး ရှိနေတယ်လို့ပြောနေတာလား?"

"ဟုတ်တယ် ရှောင်းရှောင်း၊ ငါနင့်ကိုအမှားလုပ်မိတယ်ဆိုတာ သိပါတယ်။ ငါ့ကိုယ်ငါနောင်တရပြီး အပြစ်တင်နေပေမယ့် ငါကယိချန်နဲ့သက်ဆိုင်နေပါပြီ။ အရင်ရက်တွေက အိပ်ငိုက်ပြီး ပျို့တတ်နေတာနဲ့ ငါတို့ကသန္ဓေတားဆေးတွေ မသုံးတော့ ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။ သူ့ကိုမှ ဆုံးရှုံးရရင် ငါဖြေမဆည်နိုင်ဘူး။ ရှောင်းရှောင်း နင့်မှာအရာရာပြည့်စုံပေမယ့် ငါ့မှာကအားချန်ပဲရှိတာပါ။ ငါ တောင်းပန်ပါတယ်နော်။ ကျေးဇူးပြုပြီး သူ့ကိုတော့ ရှိခွင့်လေးပေးပါ၊ ဟင်? ငါ့မှာလည်း တခြားရွေးချယ်စရာ မရှိလို့ပါ။ တောင်းပန်ပါတယ်....."

ချူရှောင်းသူမမျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ဖို့ မေးစေ့ကနေ ဆွဲမော့လိုက်၏။

"ယိချန်နင့်ကိုဘာလို့ လမ်းခွဲကြေးပေးလဲ သိလား? ဘာလို့လဲဆိုတော့ နင်သူ့အပေါ်မျက်နှာချိုသွေးနေသမျှက အိမ်ယာအသေးလေးလောက်ပဲ တန်တာမို့လေ။ အဲ့လူကို ငါ့ဆီကနေ နင်ခိုးသွားပေမယ့် ငါ့ဂုဏ်သိက္ခာနဲ့အဆင့်အတန်းကိုတော့ ဘယ်တော့မှခိုးလို့ရမှာ မဟုတ်ဘူး။ ယိမိသားစုထဲ လက်ထပ်ဝင်နိုင်လောက်အောင် ကံကောင်းရင်တောင် နင်က တခြားသူတွေကိုတွယ်ကပ်ပြီး ကိုယ့်အမြင့်ကိုလှမ်းရတဲ့ နွယ်ပန်းလိုသူမျိူးသာသာပဲ။ နင်ဒါကိုလက်ခံပြီး အဲ့ဒီဆန်ကုန်မြေလေးကို ကျန်တဲ့ဘဝတစ်လျောက်လုံး မှီခိုနေရလိမ့်မယ်။ နင့်မှာ တကယ့်အာဏာနဲ့ လွတ်လပ်မှုအစစ်အမှန်ကို ဘယ်တော့မှ ခံစားဖူးမှာမဟုတ်ဘူး။"

ယိချန် ကားပါကင်ထိုးတဲ့နေရာကို မောင်းနှင်လာခဲ့သည်။ အမျိုးသမီးနှစ်ယောက်ကို သူတွေ့သွားချိန်မှာတော့ ကားပေါ်ကမဆိုင်းမတွဆင်းပြီး သူတို့ဆီအပြေးသွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ?"

ချူရှောင်း  ပိုင်ရွယ်ဝေ့မျက်နှာကိုလွှတ်ပြီး သူမလက်ကိုတစ်ရှုးနှင့်သုတ်ကာ ယိချန်မျက်နှာဆီ ပစ်ပေါက်လိုက်၏။

"ကိုယ့်ခွေးကို ထိန်း ပြီးတော့ ငါပြောတာတွေကိုလည်း သတိရဦး။ ယိမိသားစုကို စောစောမွဲသွားအောင်လုပ်နိုင်ရင်လည်း စိတ်မရှိပါဘူး။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now