The Missing Memory (3)

Start from the beginning
                                        

"ဟာ့!...အ့!..."

"ကောင်လေးစိတ်လျော့!!စိတ်ကိုလျော့ဦး!"

"အ့!.."

နောက်ကြောင်းပြန်စဥ်းစားမိသွားတဲ့ Jungguk ဒူးထောက်ကျသွားပြီး အသက်ကိုလုရှုနေရတယ်....သူ့မျက်နှာပေါ်မှာမျက်ရည်တွေကအဆက်မပြတ်စီးဆင်းလို့....

"Jungguk!!မင်းစိတ်ကိုလျော့ထား!အသက်ကိုဖြည်းဖြည်းချင်းရှု~ထုတ်~!"

"ဟာ့..အ့..Ar..Aroun...ငါ...ငါ..."

ကမ္ဘာကြီးနဲ့အဆက်အသွယ်ထပ်ပြတ်တောက်သွားပြန်တယ်...သူအခုထိဒီအခြေအနေကိုလက်မခံနိုင်သေးဘူး Hyung~...

🎶🎶🎶...

🎶🎶...

🎶...

ရင်းနှီးနေတဲ့ သီချင်းငြီးငြူသံ....Hyung က သစ်ပင်အကြီးကြီးတစ်ပင်အောက်မှာထိုင်နေရင်း သူ့ကိုရင်ခွင်ထဲပိုက်ထားတယ်...ကမ္ဘာကြီးထဲမှာ Hyung နဲ့ကျွန်တော်ပဲရှိနေသလိုမျိုး~...လေညင်းလေးတွေက Hyung ဆံပင်တွေထဲကူးလူးဖြတ်သန်းနေတာ ဘယ်လောက်မနာလိုချင်စရာကောင်းလိုက်သလဲ~....

"Hyung~"

"အော..Jeon အငယ်လေး နိုးပြီလား~"

သူ့ကိုငုံ့ကြည့်ရင်း ပြုံးပြနေတဲ့ Hyung ရဲ့လေးထောင့်ဆန်ဆန်အပြုံးလေးတွေကိုကြည့်နေရင်း သူမျက်ရည်တွေကျလာပြန်ရော....

"တောင်းပန်ပါတယ် Hyung~တောင်းပန်တယ်~.."

"....."

"ကျွန်တော်ဒီတစ်လျှောက်လုံး~ Hyung ကိုမေ့နေခဲ့တဲ့အတွက်တောင်းပန်ပါတယ်~!"

တုန်ရီနေတဲ့အသံတွေနဲ့သူစကားကိုမနည်းထိန်းပြောနေရတယ်...တကယ်တောင်းပန်ပါတယ် Hyung~...

Hyung က သူ့ကိုပြုံးပြရင်း မျက်ရည်တွေကျဆင်းလာရော....

"Jeon အငယ်လေး~"

"....."

"ကောင်းကောင်းအသက်ရှင်နေပါ~"

တဖြည်းဖြည်းပျောက်ကွယ်လာတဲ့ Hyung ရဲ့ပုံရိပ်တွေကြောင့် သူ Hyung ကိုအမြန်ဖက်လိုက်ပြီး မျက်လုံးတို့ကိုစုံမှိတ်လိုက်တယ်...

You've reached the end of published parts.

⏰ Last updated: Mar 19, 2023 ⏰

Add this story to your Library to get notified about new parts!

The Missing Memory (Completed )Where stories live. Discover now