Unicode
သူနိုးလာတော့ ဆေးခန်းတစ်ခုကိုရောက်နေခဲ့တယ်...ဘေးမှာသူ့အမေက အိပ်နေခဲ့တယ်...Hyung ကော?ဟုတ်တယ် ငါ Hyung နဲ့တွေ့ပြီး ခေါင်းတအားထိုးကိုက်လာပြီး သတိလစ်သွားတာပဲ....
"အမေ!Hyung ကော hyung!!"
သူ့ဘေးအိပ်ပျော်နေတဲ့အမေ့ကိုနိုးပြီးပြောတော့ အမေကအစကကြောင်နေပြီး နောက်တော့ ဝမ်းသာအားရလှမ်းဖက်လိုက်တယ်...
"အမလေး!Jungguk သားလေး..သားနိုးလာခဲ့ပြီပေါ့အမေကစိတ်ပူလိုက်ရတာ "
နောက်တော့အမေက ဆရာဝန်ခေါ်တဲ့အချက်ပြခလုတ်ကိုနှိပ်ပြီး အဖေ့ကိုရော သူ့ရဲ့တခြားသူငယ်ချင်းတွေကိုပါခေါ်လိုက်တယ်....
တကယ်ပဲဘာတွေဖြစ်နေကြတာလဲ...
"လူနာကထိခိုက်ဒဏ်ရာမရလိုက်ပေမဲ့ ကားသံကြောင့်လန့်သွားတဲ့ပုံပဲ...အခုတော့အားလုံးအဆင်ပြေသွားပါပြီ"
"ဟုတ်ကဲ့ဆရာ"
ဆရာဝန်ထွက်သွားတာနဲ့သူသိချင်တဲ့အရာကိုအမေတို့ကိုမေးလိုက်တယ်....
"အမေ Hyung ကော?Hyung အိမ်ကောင်းကောင်းပြန်ရောက်ရဲ့လား?"
Hyung ဆိုတဲ့အသံကြားတော့ အခန်းထဲကရှိသမျှလူတွေအကုန်တိတ်ဆိတ်သွားကြတယ်...အရင်က Hyung နာမည်ကြားရုံနဲ့ပျော်နေတဲ့အမေက အခုတော့တစ်စုံတစ်ခုအားမပြောချင်ဟန် တွန့်ဆုတ်နေသည်....
Hyung တစ်ခုခုများဖြစ်သွားလို့လား!!!
ဒိန်းခနဲစိုးရိမ်ပူပန်စိတ်ဆောင့်တက်လာတော့ သူဘယ်လိုမှထိုင်မနေနိုင်တော့ ဆေးပိုက်တို့အားဖြုတ်ကာ ကုတင်ပေါ်ကဆင်းဖို့သာကြံစည်တော့သည်...
"ဟဲ့သား!သား!!"
အမေက လှမ်းဆွဲသလို သူ့သူငယ်ချင်းတချို့ကလည်းဝိုင်းတားတယ်....
"Jungguk! ဟိတ်ကောင် စိတ်ထိန်းဦး!"
Aroun ကသူ့ကိုအော်လိုက်တော့ သူရုန်းနေတာကိုရပ်လိုက်တယ်....
"ဘာလို့ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာလဲ?ကျွန်တော်က Hyung ကိုတွေ့ချင်ရုံပါ"
"အင်း!မင်းတွေ့ချင်နေတဲ့ စီနီယာ Kim ဆီငါခေါ်သွားပေးမယ်"
"Aroun!"
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
