Unicode
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာလေ သူ့စိတ်ထဲ Hyung နဲ့ပတ်သတ်ပြီး ပိုမကျေနပ်နိုင်လာလေပဲ....
"အာ...မင်းသိလား စီနီယာ Kim ကကျောင်းက Queen နဲ့သတင်းတွေထွက်နေတာ"
"ဘာ!?"
"အမလေး!လန့်တာငါ့ကောင်ရာ"
"...."
"ငါထင်တော့ထင်သားပဲ..မနေ့ကလည်း စီနီယာ Kim ကငါတို့နဲ့နေ့လည်စာစားနေတာကို ငါတို့ဆီကဆွဲခေါ်သွားတာလေ"
"အဲ့တော့"
"အဲ့တော့ ဘာဖြစ်ရမှာလဲ ငါတို့ရဲ့စီနီယာကြီးသာ ကျောင်းရဲ့နှင်းဆီပန်းနဲ့တွဲရင် သူတို့ကနေနဲ့လ ရွှေနဲ့မြလို အရမ်းလိုက်ဖက်မှာပဲ"
Jungguk မကျေနပ်ပေမဲ့သူကဘာမှလုပ်လို့မရပဲလေ Aroun ပြောသလိုသူတို့ကအရမ်းလိုက်ဖက်တယ်...တနေ့ထက်တနေ့စောဒကတက်လာတဲ့သူ့ခံစားချက်တွေကို သူလွင့်ပစ်လိုက်လို့ရရင်သိပ်ကောင်းမယ်....
"Jungguk! အတူတူပြန်ရအောင်"
ကျောင်းဆင်းခါနီး Hyung က သူ့ကိုကျောင်းပေါက်ဝမှာရပ်စောင့်နေတော့ သူစိတ်ထဲပျော်ရွင်မှုအပိုင်းအစလေးတစ်ခုဝင်ရောက်လာခဲ့ပြန်တယ်...အနည်းဆုံးတော့ Hyung သူ့ကို ဂရုစိုက်တာပဲလေ...
သူ hyung နားဘေးချင်းယဥ်လျှောက်ရင်း Hyung လက်တစ်ဖက်ဒဏ်ရာရနေတာကိုသူတွေ့လိုက်ရတယ်...
"Hyung!?လက်မှာဒဏ်ရာရထားတာလား"
Hyung က သူ့လက်ဖဝါးစောင်းလေးကိုကြည့်ရင်း အားနာသလိုပြုံးပြတယ်...
"ဟုတ်တယ်..Hyung လက်တွေ့စမ်းသပ်ချက်မှာ လက်က ဒဏ်ရာရသွားတာ..ဒီအတိုင်းအပူလောင်ရုံလေးမို့ အိမ်ရောက်မှဆေးလိမ်း.."
"လာ!ဒီနားမှာ ကျွန်တော်သိတဲ့ Market လေးတစ်ခုရှိတယ်"
အအေးဓာတ်ပါတဲ့အနာကပ်ပလာစတာလေးနှစ်ခုကပ်လို့အပြီးမှပဲ Jungguk ရဲ့တွန့်ချိုးနေတဲ့မျက်ခုံးတန်းနှစ်ခုကလည်းပျောက်ကွယ်သွားတော့တယ်....
"ဝိုး!အခုမှကြည့်မိတယ်..Jungguk က မိန်းကလေးတွေရဲ့အကြိုက်စတိုင်ပဲ"
"Nae?"
"ဟုတ်တယ် တကယ်ပြောတာ"
ခပ်ပြုံးပြုံးလေးပြောနေတဲ့ Hyung က လူကိုရင်ခုန်အောင်လုပ်တာတော့အမှန်...
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
