Unicode
#မှတ်ချက်
Dynasty ရဲ့ It all Fall down သီချင်နားထောင်ပြီးဖတ်ရင် ပိုကောင်းပါတယ်...
"Hey Jungkook မြန်မြန်လုပ်တော့ငါတို့အတန်းချိန်နောက်ကျတော့မယ်"
ဘေးကတဂျီဂျီလုပ်နေတဲ့ သူ့သူငယ်ချင်း Aroun ကိုသူမကျေမချမ်းကြည့်ရင်း...
"ဟေ့ကောင်!ယောက်ျားကောင်းတစ်ယောက်ဆိုတာ တစ်ကိုယ်ရည်သန့်ရှင်းရေး နဲ့ကိုယ်ဝတ်တဲ့အဝတ်ကစမတ်ကျနေဖို့လိုတယ်ကွ"
"တော်စမ်းပါ!မင်းကိုဘယ်သူကအဲ့လိုဝတ်ရမယ်ပြောလဲ..ငါ့လိုသာနေရင်မင်းကိုလိုက်မဲ့ကောင်မလေးတွေတစ်ပုံကြီးနေမှာ"
Jungguk သူ့ကိုဆရာလုပ်နေသော Aroun အားကြည့်မိတော့ အပေါ် တီရှပ်အဖြူကိုနှစ်လုံးလောက်ကြယ်သီးဖြုတ်ထားပြီးလျော့တိလျော့ရဲ necktie နဲ့....Jungguk ခေါင်းအသာခါရင်း လွယ်အိတ်ဘေးတစ်စောင်းလွယ်ကာထွက်လာလိုက်တယ်...သူနဲ့ကျွန်တော်က သူငယ်ချင်းတွေဖြစ်ပြီးအခန်းဖော်တွေ့ဖြစ်ကြပေမဲ့ ပုံစံကတော့ ဆီနဲ့ရေ လိုပါပင်...သူကဖြစ်သလိုနေတက်ပေမဲ့ ကျွန်တော်သူနဲ့အတူနေလို့ ကျွန်တော့်အကျင့်ပျက်သွားတယ်လို့ကိုမရှိဘူး...ကျွန်တော့် ကိုတစ်စုံတစ်ယောက်ကပြောဖူးတယ်...ယောက်ျားလေးတစ်ယောက်က ကိုယ်ဝတ်မယ့်အဝတ်ကိုသေချာဝတ်ရတယ်တဲ့...
"မင်းသာအဝတ်အစားကိုသေချာဝတ်စမ်းပါ!ဆရာဝန်လောင်းတစ်ယောက်ဖြစ်နေပြီကို သူများလေးစားအောင်အနေအထိုင်တင်ခြင်သင့်ပြီ"
"တော်စမ်းပါ!ငါကလွတ်လွတ်လပ်လပ်ပဲကြိုက်တယ်"
Ti!!Ti!!!!!....
"Hey!သတိထား!"
သူ့ရဲအင်္ကျီကော်လံကိုအတင်းဆွဲလိုက်တဲ့လူကြောင့် သူကားတိုက်ခါနီးဖြစ်မလိုကနေလွတ်သွားခဲ့တယ်....ဘုရားမလို့....
Badum!!Badum!!
သူ့နှလုံးသားတစ်ခုလုံးကကျွတ်ကျတော့မလိုခံစားလိုက်ရပြီး နားတစ်ခုလုံးလည်းဘာအသံမှကိုမကြားနိုင်တော့တာ....
"Hey~မင်းအဆင်ပြေရဲ့လား...လမ်းလျှောက်တာသတိထားသင့်တယ်"
ခပ်သြသြအသံပိုင်ရှင်ဟာ သူ့သူငယ်ချင်းမဟုတ်တာသေချာတာမို့သူမော့ကြည့်မိတော့ ရင်းနှီးနေသယောင်မျက်နှာအစိတ်အပိုင်းတွေနဲ့တစ်စုံတစ်ယောက်...
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
