The Missing Memory (3)

Start from the beginning
                                        

"အဲ့နေ့က မင်းစီနီယာနဲ့ညစာအတူစားမလိုဆိုပြီးသွားတာ လမ်းမှာလုယှက်မှုတစ်ခုဖြစ်ခဲ့တယ်...မင်းကခါးပတ်နှိုက်ကြောင့် ကားလမ်းမပေါ်ရောက်သွားတယ်လေ....

ဟုတ်တယ်...ခါးပိုက်နှိုက်တစ်ယောက်...Jungguk မျက်လုံးတွေဂနာမငြိမ်ဖြစ်လာပြီး Hyung နဲ့နောက်ဆုံးတွေ့ခဲ့တဲ့နေ့ကို မှတ်ဉာဏ်ပြန်ရောက်သွားတယ်....

"အားး!!!ခါးပိုက်နှိုက်!!"

အဲ့ဒီအချိန်မှာ Jungguk ပတ်ဝန်းကျင်ကိုအာရုံမစိုက်နိုင်ပဲ Hyung ရောက်လာရင် ဘယ်လိုဖွင့်ပြောရမလဲလို့စဥ်းစားနေခဲ့တာ...

"အာ့!"

သူ့ကိုဝင်တိုက်မိတဲ့ ခါးပိုက်နှိုက်ကို Jungguk ချက်ချင်းသတိထားမိတော့ ခါးပတ်နှိုက်ကလည်းသူ့ကိုဖမ်းမည်စိုးကာ Jungguk ကိုရန်မူတော့သည်...ရုတ်တရပ်အခြေအနေမို့ Jungguk လည်းပြန်ခုခံကာကွယ်ရင်းဖမ်းချုပ်တော့ ခါးပိုက်နှိုက်နဲ့သူကားလမ်းပေါ်လိမ့်ကျလာတယ်....အရာအားလုံးကာရုတ်တရပ်ဖြစ်သွားတာဆိုတော့ Jungguk ဘာဖြစ်လို့ဖြစ်မှန်းတောင်မသိဘဲ
မတ်တပ်ရပ်လိုက်ချိန်မှာပဲ ကုန်ကားတစ်စီးက သူ့ရှေ့တည့်တည့်ရောက်နေလေပြီး....

Ti!!!Ti!!!!!!!

ကျွီး!!!ဒုန်းးးး!!!

သူ့ကိုတစ်စုံတစ်ယောက်က တွန်းထုတ်လိုက်သလိုမျိုး သူကလေထဲလွင့်မျော်သွားပြီးလမ်းဘေးတစ်နေရာကိုလဲကျသွားတယ်...

"ဟယ်!လုပ်ကြပါဦး 119 ကိုခေါ်!!!119!!"

"ဒီမှာ ကောင်လေးတစ်ယောက်ကားတိုက်ခံရလို့!!"

"ကောင်လေးကသေသွားပြီလားမသိဘူး~"

Jungguk နားထဲပူထူသွားသလို အရာအားလုံးကသူ့မျက်လုံးထဲမူးဝေလို့နေတယ်...လူတွေဝိုင်းအုံနေတဲ့နေရာကိုသွားကြည့်မိတော့ ကောင်လေးတစ်ယောက်သွေးအိုင်ထဲလဲကျနေခဲ့တယ်...

"အားး!!!!Hyung!!Hyung!!!မဖြစ်ရဘူး!!"

ကုတ်အင်္ကျီအမဲနဲ့ဂျင်းအပြာနုလေးဝတ်ဆင်ထားတဲ့ Hyung ရဲ့အတွင်းထဲကအဖြူရောင်အင်္ကျီလေးမှာသွေးတချို့ကပေကျံလို့....တဖြိုင်ဖြိုင်ကျလာတဲ့မျက်ရည်တွေနဲ့ Jungguk လက်မခံနိုင်ဖြစ်နေရတယ်...မဟုတ်ဘူး...မဟုတ်ဘူး...Hyung ကဘာလို့ဒီနေရာမှာလဲနေရတာလဲ...မဖြစ်ရဘူး..အ့..နာတယ်...အရမ်းနာတယ် Hyung...ကျွန်တော်...ချစ်တယ်...Hyung ကိုအရမ်းချစ်တယ်...ပြီးတော့တောင်းပန်ပါတယ်...

You've reached the end of published parts.

⏰ Last updated: Mar 19, 2023 ⏰

Add this story to your Library to get notified about new parts!

The Missing Memory (Completed )Where stories live. Discover now