The Missing Memory (3)

Start from the beginning
                                        

အမေက Hyung နဲ့သူ့ကိုပေးမတွေ့စေချင်ဟန် Aroun ကိုလှမ်းအော်လိုက်တယ်....ဒါပေမဲ့ ဘာလို့အမေကရုတ်တရပ် အဲ့လိုဖြစ်သွားရတာလဲ??...သူလမ်းမှာသတိလစ်သွားတာကို Hyung ကဂရုမစိုက်လို့ Hyung ကိုစိတ်ဆိုးနေတာများလား...သူအဝတ်အစားလဲနေတော့ Aroun နဲ့အမေကသီးသန့်စကားပြောနေကြပြန်တယ်...ဘာတွေပြောနေကြတာလဲ...သူမသိအောင်တစ်ခုခုလျို့ဝှက်နေကြတာလား...ဒါမှမဟုတ် Hyung က သူဖွင့်ပြောလို့ဆိုပြီး စိတ်နာပြီး နိုင်ငံခြားထွက်သွားတာများလား....

"Jungguk သွားကြမယ်လေ"

Jungguk ခေါင်းငြိမ့်ပြလိုက်ရင်း Aroun နောက်တိတ်တဆိတ်သာလိုက်လာမိတယ်....သူအခုထိခေါင်းကိုက်နေသလိုမျိုးပဲ...ကားပေါ်ရောက်တော့ သူခဏအနားယူရင်း Hyung နဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲတွေးနေမိတယ်....

"Jungguk!Jungguk! "

Aroun လှုပ်နှိုးလိုက်တော့မှ သူနိုးလာတော့တယ်...

အာ...အိပ်ပျော်သွားတာပဲ~

သူကားတံခါးဖွင့်ပြီး ပတ်ဝန်းကျင်ကိုအကဲခေတ်မိတော့ ဿုသန်တစ်ခု...သူရုတ်တရပ်လန့်သွားတာကြောင့် Aroun က သူ့ကိုလှည့်ကြည့်လာတယ်....

"ဒီကိုဘာကိစ္စလာတာလဲ Aroun?"

"တစ်စုံတစ်ခုကိုအသိအမှတ်ပြုပေးဖို့ပါ"

Aroun ကအဲ့တစ်ခွန်းပဲပြောပြီးရှေ့ဆက်သွားတယ်...သွားရင်းသွားရင်း သူ့စိတ်တွေက လေးလံလာတယ်...

"စီနီယာ Kim...စီနီယာမျှော်နေတဲ့သူနောက်ဆုံးတော့ရောက်လာပါပြီ"

Aroun က နံရံအကွယ်မှာစကားပြောနေတာကြောင့် သူအမြန်လေးသွားကြည့်မိတော့ သူနှလုံးသားတစ်ခုလုံးကွဲကြေသွားသလိုမျိုးပဲ.....

Kim Taehyung
အသက်-22နှစ်
Car Accident

"Ha!...Haha!...Aroun ငါ့ကိုမနောက်နဲ့...Hyung ကဘာ..ဘာကြောင့်.."

"Jungguk မင်းသေချာစဥ်းစားကြည့်ပါ~မင်းအသက်ကအခု 25ဖြစ်နေပြီ"

"ဘာ!?"

"ဟုတ်တယ် မင်းအခုဆိုဆရာဝန်ဖြစ်နေပြီလေ Jungguk ~ ပြီးတော့ ​မင်းသူ့ကိုမေ့ပြီးနေလာခဲ့တာ 5နှစ်ရှိပြီ"

Jungguk တုန်လှုပ်သွားတယ်...သူ..သူ့အသက်ကအခုမှ 20 ပဲရှိသေးတာမဟုတ်ဘူးလား....ပြီးတော့ ငါက Hyung ကိုမေ့လျော့ပြီးနေခဲ့တာတဲ့လား....

You've reached the end of published parts.

⏰ Last updated: Mar 19, 2023 ⏰

Add this story to your Library to get notified about new parts!

The Missing Memory (Completed )Where stories live. Discover now