အပိုင်း (10)

Start from the beginning
                                    

"ဘာမဟုတ်တော့ဘူး "

"သားကြားလိုက်ပါတယ် "

သက်ပိုင်ရဲ့ ပြုံးစိစိမျက်နှာကြောင့် ဓန အိုးတို့အန်တန့်ဖြစ်သွားကာ ချောင်းဟန့်လိုက်သည်။

"အဟမ်း!! ပြီရင်သွားမယ် မင်းကြောင့်ငါနောက်ကျမခံနိုင်ဘူး "

"ကိုကိုကလဲ ကျောင်းကသတ်မှတ်ထားတဲ့ အင်္ကျီပဲသားဝတ်တာပါ "

"ငါကဘာပြောနေလို့လဲ "

"ကိုကို တစ်မျိုးမြင်မှာဆိုးလိုပါ့ "

"မင်းဟာမင်းဘယ်လိုနေနေ ငါစိတ်မ၀င်စားဘူး"

"ကိုကို ခဏကစိတ်၀င်စားနေပါတယ်..."

"သက်မင်းပိုင်!!"

သက်ပိုင် ပါးစပ်လေးလက်နဲ့ပိတ်ကာ ပုခုံးလေးတွန့်၍ ရယ်ပြလိုက်သည်။

"ကျစ်!!မင်းကအာရုံနောက်ဖို့ကောင်းတယ် "

>>>>>>>>>>>>>>>>>>>

ဓန ကောင်လေး ကျောင်းသို့ ကားကို ဦးတည်၍မောင်းလိုက်သည်။ ကားပြတင်းပေါက်ကနေ အပြင်သို့ ငေးကာ သဘောကြ၍ ပြုံးနေသည့် ကောင်လေးအား ဓန တစ်ချက်တစ်ချက် လှည့်လှည့်ကြည့်နေမိသည်။

ကလေး တစ်ယောက်လို ရယ်​နေသည့်ကောင်လေးကသူ့စိတ်ကို ဘာကြောင့်ရယ်မသိကျေနပ်မှု့ရ​စေသည်။ ကောင်လေးပြုံးရင် သူရင်တွေနွေးမိသည်ထိ။ ဒီတိုင်းသာဆက်သွားရင် သူတစ်သက်လုံး ငြိုးလာသမျှ သဲထဲရေသွန်ဖြစ်ရောမည်။

'မင်းကငါ့အတွက်အန္တရာယ်များတဲ့ကောင်လေးပဲ '

"ဟျောင့်!!! ရောက်ပြီ ဆင်းတော့ "

"ဟင်....ရောက်ပြီလား မြန်တာ "

ကျောင်းရောက်တာမသိရအောင်ဘာတွေတွေးနေငေးနေလဲမသိ။ ဓန ခေါ်မှသတိပြန်၀င်လာသည့်ပုံ။ လွယ်အိတ်ကို လွယ်ကာ ကားပေါ်ကကမန်းကတမ်း ဆင်းနေသူကြောင့် ဓန အမြင်ကပ်ကပ်နဲ့ စိုက်ကြည့်နေမိသည်။

"ကိုကို ခဏ "

ဓန ကားမှန်ကိုချပေးကာ ဘာလဲဆိုသည့်သဘောဖြင့်မျက်လုံးနဲ့ လှန်ကြည့်တော့ကောင်လေးက

"ပြွတ်! !"

သူ့ နူတ်ခမ်းကိုကားထဲခေါင်း၀င်ကာလှမ်းနမ်းလိုက်တာဖြစ်သည်။ ဓန ရူတ်တရက်မို့ ကြောင်သွားကာဘာစကားမှပြန်မပြောနိုင်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now