အပိုင်း(9)🌪️‼️

Start from the beginning
                                    

'ဒီလောက်နဲ့မပြီးနိုင်ဘူးသူတို့သားအမိကြောင့်ဖြစ်ခဲ့ရတာတွေပဲသူဒီလောက်တော့ခံစားသင့်တာပေါ့။ ငါခံစားခဲ့ရတာတွေကရော ။ ငါခံစားချက်တွေကိုရောအခုလိုထည့်တွက်ပေးခဲ့ကြဘူးလား..'

"ကဲ.... ဘထွန်း ထပါဗျာ  ဆေးခန်းသွားရအောင် သားမှာခင်တွယ်ရာဆွေမျိုးဆိုလို့ ဘဘ ပဲကျန်တော့တာ။ဘထွန်းပါမရှိရင် သား ပိုပြီး ရပ်တည်ဖို့ ခက်သွားလိမ့်မယ်"

"သား ဓန သက်ပိုင်လေး ကို ကျောင်းပြန် တတ်ခိုင်းလိုက်ပါ ကွယ် ။ ဘဘ တောင်းပန်ပါတယ်"

ဘထွန်းကလဲ မလျှော့။

"သား စဥ်းစားပေးပါမယ် ဘထွန်း"

ဘထွန်း ကိုဆေးခန်းပို့ပေးပြီးအိမ်သို့ဝင်ပို့ကာ ကုမ္မဏီကို တန်းသွားရပြန်သည် ။အရေးကြီးသည့်အစည်းဝေးရှိသည်မို့သူမသွားလို့မရ။  ဓန ခုရက်ပိုင်း စိတ်ကော လူကော အရမ်း ပင်ပန်းနေခဲ့ပြီ။

-------------------------

  "တောက်!!! "

ရုံးခန်းထဲတွင် အပ်ကျသံမှမကြားရလောက်အောင် အေးစက်ကာတိတ်ဆိတ်နေသည်။ ဓန ရဲ့မျက်နှာကခက်ထန်မာကျောနေကာ  ဒေါသဘက်ကို ဦးတည်နေသည်။

"သူတို့ကဘာစောက်ချိုး ချိုးတာတဲ့လဲ တေဇ ။ ကဲအခု ဘယ်လိုလုပ်ကြမလဲ။ ငါကိုရောင်းမယ်ပြောထားပြီးတစ်ဘက်ကစျေးပိုပေးတာနဲ့တန်းရောင်းလိုက်ရအောင်အဲ့လူကကလေးကစားနေတာလား။  အဲ့ကောင်ကရော ငါ၀ယ်မယ်မှန်းသိသိကြီးနဲ့ ဘာလို့ စျေးပိုပေး ပြီးဝယ်သွားရတာလဲကွ!!! မင်းကရောသေချာမစုံစမ်းဘူးလား တေဇ"

ဓန ရဲ့ဒေါသကို တေဇ သိသူမို့ဘာစကားမှပြန်မပြောရဲ။ အလုပ်နဲ့ပတ်သတ်ရင် ဓနကမရ။   ကျန်တဲ့နေရာသာသူကိုဦးစားပေးမည် အလုပ်နဲ့ပတ်သတ်လျှင်တော့မရ ။

"ငါပိုက်ဆံသွားချေမှ SHEIN ကအရင်ဝယ်သွားမှန်းသိတာ "

"တောက်!!! တွေ့ကြသေးတာပေါ့ကွာ  ။ ဓနကို ခဏခဏ လာစမ်းနေပုံထောက်ရင် မင်း အေးဆေးဖြဲကား
ထိုင်နေရတာသိပ်ပျင်းနေပုံပဲရှိန်းမင်းဆက် "

°°°°°°°°°°°°°°°°°°°°

Sexual warring ပေးတာမို့ အသက်မပြည့်သူများကျော်ဖတ်ပါ
ဗျ...‼️

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now