"Jeon အငယ်လေးမင်းသောက်ပဲမသောက်နဲ့လေ အစားလည်းစားသင့်တယ်"
သူကနည်းနည်းရိပ်သဲ့သဲ့ဖြစ်လာတော့ မြစ်ကမ်းဘေးလမ်းလျှောက်ထွက်ဖို့အရဲစွင့်ပြောလိုက်တယ်...
"ဖြစ်ပါ့မလား??မင်းအများကြီးသောက်ထားတာကို??"
"ကျွန်တော်ကသောက်နိုင်တယ် Hyung~"
"ဒါဆိုလည်း လမ်းခဏလျှောက်ပြီးရင် အိမ်ပြန်ကြစို့"
"ဟုတ်!"
သူ့စကားကို Hyung ကသဘောတကျပြုံးရင်း ခေါင်းလေးကိုပွတ်ပေးလာပြန်တယ်...မြစ်ကမ်းဘေး သူ Hyung ဘေးချင်းယဥ်လျှောက်နေမိတော့ အရင်နေ့တွေကထက်သူ့ရင်တွေ တဒုန်းဒုန်း ခုန်နေခဲ့တယ်....
"Hyung~..."
သူ Hyung နဲ့ဘေးချင်းယဥ်လျှောက်မေရာကရပ်လိုပြီးအရဲစွန့်ကာခေါ်လိုက်မိသည်... သူခေါ်တော့ Hyung သူ့ဘက်လှည့်ကြည့်ကာ သူဘာပြောမလဲနားစွင့်နေပုံပေါ်သည်...သူမျက်လုံးစုံမှိတ်ရင်း Hyung ကြားလောက်မယ့်အသံအနေအထားနဲ့အော်ပြောလိုက်မိတယ်...
"ကျွန်တော်...ကျွန်တော် Hyung ကိုသဘောကျတယ်!!!"
"....."
"အများကြီး!!အများကြီး!!"
"...."
"ဒါကြောင့် ကျွန်တော့်ကိုလက်မခံနိုင်ရင်တောင် အရင်လိုလေးတော့နေပါရစေ..Hyung ကိုအတင်းပြန်မကြိုက်ခိုင်းပါဘူး!အခုလိုဖွင့်ပြောတာကလည်း Hyung ကိုသိစေချင်ရုံပါပဲ!"
သူမရဲတရဲလေး မျက်လုံးကိုဖွင့်ကြည့်လိုက်ကာ Hyung မျက်နှာကိုအကဲခတ်လိုက်တော့ Hyung ကသူ့ကိုဝမ်းနည်းစွာကြည့်နေပြီး ပါးစပ်ကတော့ ပြုံးနေခဲ့တယ်...ဘာလို့လဲ...ဘာလို့ Hyung မျက်ဝန်းတွေကရွာတော့မဲ့မိုးလိုဖြစ်နေရတာလဲ...ဒါပေမဲ့ Hyung သူ့ကိုပြုးပြနေတုန်းပဲ...
"Jungguk ~"
"..."
"မင်းအိမ်ပြန်ချိန်တန်ပြီ~"
"Nae?!"
"မင်းကိုစောင့်နေတဲ့လူတွေအများကြီးပဲ Jeon အငယ်လေး"
ရုတ်တရပ်သူ့ခေါင်းတစ်ခုလုံးထိုးကိုက်လာပြီး နားထဲအူလာတော့တယ်...
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
The Missing Memory (2)
Start from the beginning
