Hyung နဲ့တစ်ပါတ်လောက်မတွေ့ရတာ သူစိတ်ထဲ Hyung ကသာလွှမ်းမိုးနေခဲ့ပြီး Hyung ကိုသာ တွေ့ချင်နေခဲ့တာဖြစ်တယ်...ဒါကြောင့် သူဘာလုပ်လုပ်အယောင်ယောင်အမှားမှားဖြစ်ကုန်တဲ့အထိပင်...Hyung မရှိတဲ့အတောအတွင်း သူ့အိမ်ကလည်းခြောက်ကပ်နေသလို ကျောင်းမှာလည်း Aroun ပူညံ့ပူညံ့လုပ်တာတွေသူတစ်ခုမှမသိဘဲ စိတ်နဲ့ကိုယ်မကပ်နိုင်ခဲ့ပေ...
"ငါတော်တော်အခြေအနေဆိုးနေပြီပဲ..ဒီလိုဆို ငါလပတ်စာမေးပွဲကျတော့မှာပဲ~"(တီးတိုးရည်ရွတ်)
သူအိမ်မပျော်တာနဲ့ အိမ်ရှေ့ခြံထဲလမ်းလျှောက်ထွက်လိုက်တယ်...မိုးကရုတ်တရပ်ရွာချလာတော့ သူအမိုးအောက်ပြေးခိုဝင်လိုက်တယ်...
"ကျစ်!မိုးကလည်း.."
သူစကားမဆုံးခင်မှာပဲ ခြံထဲမှာ လူတစ်ယောက် ထီးဆောင်းပြီးမတ်တပ်ရပ်နေခဲ့တယ်...
"ဘယ်သူပါလိမ့်"
သူ့ဘေးကထီးထားတဲ့နေရာကနေ ထီးတစ်လတ်ဆွဲယူရင်း ထိုလူအနားလျှောက်လာတော့...
"Hyung?!"
Hyung က မိုးရေထဲထီးဆောင်းကာ သူ့ကိုပြုံးပြုံးလေးရပ်ကြည့်နေခဲ့တယ်...ရုတ်တရပ်ဆိုသလို မိုးဖွားလေးတွေက နှင်းအဖြစ်ကိုပြောင်းသွားခဲ့တယ်....
"ဟင်!?နှင်းတွေ??"
"ပထမဆုံး နှင်းကျတာပဲ"
Hyung က နှင်းတွေကိုလက်ဖဝါလေးနဲ့ခံရင်းရေရွတ်နေခဲ့တယ်....
ပထမဆုံးနှင်းကျချိန်မှာ အတူတူရှိနေတဲ့သူက ကိုယ်ချစ်ရတဲ့သူဆိုတသက်လုံးအတူတူနေသွားရမယ်တဲ့~....
"Hyung ဘူဆန်ကပြန်ရောက်ပြီပေါ့"
"ဟုတ်တယ်..ရောက်ရောက်ချင်းပဲ Jeon အငယ်လေးဆီလာခဲ့လိုက်တာ"
ဒီလိုနဲ့ပဲ ဆောင်းရာသီကိုရောက်ရှိလာခဲ့တယ်...
"အေးလိုက်တာ~"
အဖြူရောင်အနွေးထည်ထူထူနဲ့ Hyung က ဆောင်းခိုဝက်ဝံလေးတစ်ကောင်လို သူ့ဘေးနားတွယ်ကပ်နေခဲ့တာ...
"Hyung ကျွန်တော့်အနားမကပ်နဲ့!"
"ဘာလို့လဲ Hyung အေးနေတာကို..Jungguk ကအရမ်းနွေးတယ်"
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
The Missing Memory (2)
Start from the beginning
