သူ့အိမ်ကိုရောက်တော့ အမေ(jungguk'အမေက)လည်းရေချိုးခိုင်းတာနဲ့ Hyung သူ့(jungguk)အခန်းထဲမှာပဲရေချိုးလိုက်တော့တယ်...သူ့အဝတ်တွေယူဝတ်ပြီးထွက်လာတဲ့ Hyung ကချစ်စရာ...
"Oh!Jungguk မင်းအင်္ကျီတွေငါနဲ့တော်လို့တော်သေးတာပေါ့"
"Hyung ဘာသာ Hyung မိုးရေထဲလျှောက်ပြေးနေပြီး အခုမှ တော်သေးတယ်တွေဘာတွေမပြောနဲ့ Hyung နဲ့ကျွန်တော့်အင်္ကျီကမတော်လည်း Hyung ဝတ်ရမှာပဲ"
"အမလေး~ငါတို့ Jeon အငယ်လေးက စိတ်ဆိုးနေတာလား"
သူ့ပါးနှစ်ဖက်ကိုအတင်းဆွဲတော့ သူလည်းရုန်းကန်ရင်း hyung ကစနောက်ရင်းနဲ့ အိပ်ရာပေါ်အတူတူအိပ်ပျော်သွားကြတော့တယ်...
"ဒီကလေးတွေ ညစာမစားပဲအိပ်ကြပြန်ပြီ"
ညစာစားဖို့လာခေါ်တဲ့ Jeon အမေကတော့ တံခါးဝလေးကနေပဲ သူတို့ကိုကြည့်ရင်းပြန်လှည့်ထွက်လာတော့တယ်....အဲ့နေ့က Hyung အမေကလည်းသူတို့အိမ်မှာပဲ အိပ်ဖြစ်လိုက်ကြတယ်ပြောရမှာပေါ့...
"ဆရာကငါတို့ကိုဘာတွေလုပ်ခိုင်းမှန်းလည်းမသိဘူး တနေ့တနေ့အိမ်စာတွေနဲ့ မကြာခင်လူရုပ်တောင်ထွက်မှာမဟုတ်တော့ဘူး"
သူတို့အဖွဲ့ထဲက လူတစ်ချို့ငြီးတွားနေကြတာ...
"ဒါပေမဲ့ စီနီယာ Kim ကြောင့်ကျွန်တော်တို့အများကြီးသက်သာသွားတယ်"
"ဟုတ်တယ် စီနီယာ Kim ကိုတကယ်ကျေးဇူးတင်တယ်"
"Haha!မဟုတ်တာ မကြာခင်လပတ်စာမေးပွဲလာတော့မှာမလား မင်းတို့အားတင်းထားကြပေါ့ကွာ"
Hyung က စီနီယာပီပီ သူတို့နားမလည်တာတွေ မသိတာတွေကိုလည်းဖြတ်လမ်းနည်းကရှင်းပြနိုင်တယ်...ဒါကြောင့် Hyung ကမိန်းကလေးတွေကြားမှာတင်မကဘူး ဂျူနီယာတွေကြားမှာလည်းအရမ်းကျော်ကြားတယ်...သူကတော့ ဒူဝံကြယ်ကိုမျှော်ကြည့်နေတဲ့ ပိုးစုန်းကြူးလေးလိုပဲ....
မိုးရွာတိုင်းသူ့မှာ Hyung ကိုလွမ်းရတာလဲအမော...စာသင်ခန်းထဲဆရာတစ်ယောက်ဝင်တာနဲ့စာကိုအပြေးအလွှားလိုက်လုပ်ရတာလဲအမောပင်....
မိုးရာသီဆိုတဲ့အတိုင်း ဘူဆန်နဲ့ဒယ်ဂူမှာမုန်တိုင်းတိုက်လို့ဆိုပြီး စီနီယာတို့က အကူအနေနဲ့လိုက်သွားရတယ်...ကျွန်တော်တို့လည်းနောက်ဆို ဒီလိုမျိုးတွေမှာကူညီရေးအသင်းအနေနဲ့သွားရလိမ့်မယ်...
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
The Missing Memory (2)
Start from the beginning
