"Hyung လျှောက်ပြောမနေနဲ့..ကျွန်တော့်ကိုဘယ်ကောင်မလေးမှမကြိုက်ပါဘူး!"
"Hyung တကယ်ပြောတာ Hyung လည်းမင်းလိုမိမိုက်ချင်တာ..မင်းကတက္ကသိုလ် ပထမနှစ်ပဲရှိိသေးတာဆိုတော့ အများကြီးပျော်စရာတွေနဲ့တွေ့ရဦးမှာ"
Jungguk သေချာစဥ်းစားမိတော့မှ သူကပထမနှစ်ဆိုပေမဲ့ Hyung ကတော့နောက်ဆုံးနှစ်ပဲ....ဒါဆို သူနောက်နှစ်ဆို Hyung ကိုကျောင်းမှာ မတွေ့ရတော့ဘူးပေါ့..
"ဘာတွေ အဲ့လောက်စဥ်းစားနေတာလဲ..နောက်ကျနေပြီ အိမ်ပြန်ကြမယ်"
သူ့ရှေ့ကတက်တက်ကြွကြွသွားနေတဲ့ Hyung ကိုတွေ့ပြီး အခုတည်းကကြိုလွှမ်းနေမိသလိုလို...
မိုးရာသီရောက်တော့ အရာအားလုံးကထိုင်းထိုင်းမိုင်းမိုင်းပဲ.....
ဝူးဝူး~
လေပြင်းတိုက်သံတွေ မြေသင်းရနံ့တွေက တစ်စုံတစ်ခုကိုလွမ်းနေဖို့လုံလောက်တယ်....
"အာ...တနေ့တနေ့ ဒီစာအုပ်တွေက လူရိုက်သတ်ရင်တောင်သေမှာ!"
ငြီးတွားနေတဲ့ Aroun ကိုသူအပြစ်မဆိုနိုင်...စာအုပ်တွေကတစ်အုပ်တစ်အုပ်ကို3လက်မ/4လက်မလောက်ရှိတာ ဒါတွေအကုန်လိုက်မှတ်နိုင်ဖို့က သူတို့တွေမနည်းကြိုးစားနေရတယ်...ပထမနှစ်ဖြစ်တာကြောင့် အတန်းထဲလူဦးရေများပြီး ဆရာ့အသံကိုလည်းမနည်းလိုက်နားထောင်နေရတာ...
"ငါတော့ဆေးတက္ကသိုလ်ကိုရွေးမိတာမှားပြီနဲ့တူတယ်"
Aroun ကအပြင်ကိုကြည့်ရင်း ပြောတယ်...အပြင်မှာမိုးဖွားလေးတွေအဆက်မပြတ်ကျလာပြီး မှန်တံခါးမှာရေစက်လေးတွေအများကြီးဖြစ်လာခဲ့တယ်...
ဖြောက်!ဖြောက်!ဖြောက်!
မိုးစက်တွေကြားပြေးလွှားနေတဲ့ Hyung...
"ဘာလို့ ထီးမယူလာရတာလဲ Hyungရာ!"
ပခုံးနှစ်ဖက်နဲ့ခြေထောက်အနားစလေးတွေက ရေစိုနေခဲ့သလို ဆံပင်တို့မှာလည်း မိုးရေစက်လေးတွေကြောင့် အချောင်းလေးတွေဖြစ်နေခဲ့တယ်...အဲ့လိုဆိုရင်လည်း Hyung ကကြည့်ကောင်းနေပြန်တာပဲ...
"heehee~Hyung မင်းနဲ့လိုက်ပါရစေ!hyung အမေက မင်းအိမ်မှာ Hyung ကိုစောင့်နေတယ်"
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
The Missing Memory (2)
Start from the beginning
