ဒီလိုနဲ့ပဲ ဆောင်းရာသီကိုရောက်ရှိလာခဲ့တယ်...
"အေးလိုက်တာ~"
အဖြူရောင်အနွေးထည်ထူထူနဲ့ Hyung က ဆောင်းခိုဝက်ဝံလေးတစ်ကောင်လို သူ့ဘေးနားတွယ်ကပ်နေခဲ့တာ...
"Hyung ကျွန်တော့်အနားမကပ်နဲ့!"
"ဘာလို့လဲ Hyung အေးနေတာကို..Jungguk ကအရမ်းနွေးတယ်"
ပြောရင်းဆိုရင်းသူ့ကိုတစ်ကိုယ်လုံးပါမှီတွယ်လာပြန်တယ်....
"စီနီယာ Kim အဲ့ကောင်ဆီမှီမနေနဲ့ ကျွန်တော့်ဆီလာ..ကျွန်တော်ကပိုနွေးတယ်"
ခေါင်းလေးထောင်သွားတဲ့ Hyung ကိုလက်လေးဆွဲပြီး သူ့အိတ်ကပ်ထဲကောက်ထည့်လိုက်တယ်...
"အဲ့ကောင်ကညစ်ပတ်တယ် Hyung~သူရေမချိုးတာဘယ်နှစ်ရက်ရှိပြီလဲတောင်မသိဘူး"
"မင်း!မင်း!ငါဟိုတစ်နေ့ကပဲရေမချိုးလိုက်တာကို အဲ့တာကိုလူရှေ့သူရှေ့ပြောစရာလား!!"
Aroun ကပြောလည်းပြောရင်း Jungguk ကိုလိုက်ရိုက်တော့တယ် စီနီယာ Kim ကတော့ သူတို့ကိုကြည့်ရင်းရယ်နေတာပေါ့...
အရမ်းအေးတော့မဲ့လ ရောက်တော့မှာဖြစ်သလို လပတ်စာမေးပွဲတွေအကုန်ပြီးသွားပြီမို့ သူတို့ကျောင်းကလည်းပိတ်တော့မည်ဖြစ်သည်... ဒီနေ့က စီနီယာနဲ့ကျောင်းမှာ နောက်ဆုံးတွေ့ရမယ့်နေ့ဖြစ်တာကြောင့် သူစီနီယာနဲ့ညစာအတူစားဖို့ရက်ချိန်းလိုက်သည်....သူဘယ်လောက်ပဲစဉ်းစားစဉ်းစားသူမခံစားနိုင်တော့တာကြောင့် Hyung ကို ဒီညပဲဖွင့်ပြောဖို့စီစဉ်လိုက်တယ်...Hyung ကသူ့ကိုလက်ခံမှာမဟုတ်တာတော့သေချာတယ်...ဒါပေမဲ့လည်းသူဖွင့်ပြောတာ ရယူချင်လို့မှမဟုတ်ပဲလေ...Hyung သိသွားရင်ပဲသူကျေနပ်ပါပြီ...သူဖွင့်ပြောလိုက်ရင် Hyung သူ့ကိုဘယ်လိုတုန့်ပြန်လေမလဲ...Gay ဆိုပြီးမုန်းသွားမလား...ဒါမှမဟုတ် သူ့ကိုရွံ့ရှာသွားလေမလား...ဒါမှမဟုတ်...
"အားရ်ချီး!မသိတော့ဘူး!!"
Jungguk အတွေးတွေချာချာလည်လာတယ်...သူသံယောစဉ်ပြတ်အောင်များလုပ်မိသွားလေမလား...သူဖွင့်ပြောပြီးမှ Hyung နဲ့ သူ့ရဲဆက်ဆံရေးတွေပျက်စီးသွားမှာကိုလည်းကြောက်တယ်...ဖွင့်ပြောသင့်လားမပြောသင့်ဘူးလား??!!...
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
The Missing Memory (2)
Start from the beginning
