RVTIACF Chapter-(43)

Start from the beginning
                                    

သူပိုင်ရွယ်ဝေ့ရဲ့ နူးညံ့တဲ့သဘောသဘာဝကို သဘောကျတယ်လို့ ယိချန်ထင်ခဲ့ပေမယ့် ချူရှောင်းနဲ့ယှဥ်လာရင် ပိုင်ရွယ်ဝေ့က အရသာမရှိတဲ့ဗလာသက်သက်ဆိုတာ သူနားလည်လာ၏။

အရင်ကတော့ ချူရှောင်းနောက်ဆုံးမှာ သိမ်မွေ့လာဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း သူမက ရက်စက်ပြီးနှလုံးသားမဲ့တဲ့ အမျိုးသမီးဆိုတာနဲ့ အဲ့တာကပဲ သူမဆွဲဆောင်မှုရဲ့တစ်စိတ်တစ်ပိုင်းဆိုတာ သဘောပေါက်မိတော့သည်။

အခုတော့ သူမကသူ့ကိုလျစ်လျူရှုနေပြီး ရှောင်းဟန်ကိုပြုံးပြရင်း သူ့ရဲ့သဝန်တိုစိတ်တွေကို လှုံ့ဆော်နေသည်။ ဒီခံစားချက်တွေ.....ယိချန်ကချူရှောင်းကို 'သူ့အပိုင်' အနေနဲ့အမြဲတွေးထားခဲ့တယ်ဆိုတဲ့အချက်ကို သတိရမိသွားတော့သည်။ တခြားမိန်းမတစ်ယောက်အတွက်နဲ့ သူမကိုထားခဲ့ပြီးတော့မှ သူတကယ်ချစ်ရတဲ့သူက သူမဆိုတာသဘောပေါက်သွားမိသည်။

ဒေါသထွက်ထွက်နဲ့ သူ့မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်ကာ နံရံကိုလက်သီးနဲ့ ပိတ်ထိုးလိုက်၏။ ထိုအချိိန်မှာပဲ သူထမကိုင်ခင်အထိ မိနစ်အနည်းငယ်လောက် သူ့ဖုန်းကမြည်နေခဲ့သည်။ သူ့အမေဆီက ဝင်လာတဲ့ဖုန်းဖြစ်တာကြောင့် မဖြေခင်သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်သည်။

"အမေ၊ ဘာကိစ္စရှိလို့လဲ?"

ဆွန်းကျယ် စိတ်တိုနေခဲ့သည်။

"ငါ့ကိုလာမေးနေသေးတယ်ပေါ့? ဒီတစ်ခါရော ဘယ်တွေသွားနေတာလဲ? ချူရှောင်းကိုလိုက်ဖို့ပြောတာ အဲ့ဒီတတ်သစ်စကြယ်ပွင့်လေးနဲ့ လျောက်သွားနေတယ်။ ဘာလို့အရမ်း အကျိုးအကြောင်းမဲ့ရတာလဲ? ဘာမှမဟုတ်ဘဲနဲ့ ငါ့ကိုယ်ငါနှိမ့်ချပြီး မင်းအတွက်နဲ့စကားကောင်းပြောနေရတာ။ ငါ့ကို ရည်ရွယ်ချက်ရှိရှိ ဒေါသထွက်အောင် လာလုပ်နေတာလား? သတိပေးလိုက်မယ်။ ဒေါသထွက်အောင် လာမဆွနဲ့။ အိမ်အကူလေးကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး!"

ယိချန်အိပ်ယာပေါ်လှဲကာ သက်ပြင်းချလိုက်သည်။

"အမေ၊ ကျွန်တော့်အမှားဆိုတာ သိပါတယ်။ အခုတော့ ကျွန်တော်ချူရှောင်းကို ကြိုက်နေတာသိလိုက်ကပေမယ့် သူမကရှောင်းဟန်နဲ့တူတူ ရှိနေပြီမလို့ ကျွန်တော့်ကိုပြန်ကြည့်မှာ မဟုတ်တော့ဘူး။ ကျွန်တော်ဝမ်းနည်းတာ လုံလောက်နေပြီမို့ ပိုဆိုးအောင်မလုပ်ပါနဲ့တော့။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now