အပိုင်း (7) 🌪️‼️

Start from the beginning
                                    

"ဒါနဲ့....မင်းနဲ့ငါပဲရှိတဲ့အိမ်မှာမင်းအခန်းတံခါးကို lock ချထားစရာစောက်ကြောင်းမရှိဘူး။  မင်းကိုလဲငါကလွှဲပြီဘယ်သူမှ တက်မလုပ်ဘူး နောက်တစ်ခါ Lock မချထားနဲ့ငါမကြိုက်ဘူး "

"စကားကို အရှက်မရှိဘယ်လိုပြောနေတာလဲ။ကိုကို မရှက်ရင် သား နား ရှက်တယ် "

"ရှက်ရင်လဲသေလိုက်!! နောက်တစ်ခါ Lock ချထားရင် ငါ့အကြောင်းသိမယ် ကြားလား!! "

"အွန်း"

'လူပုံကိုက ပေစောင်းစောင်း ပေကပ်ကပ်နဲ့ ငါလုပ်ရင်လဲငါလုပ်တယ် ဖြစ်ရဦးမယ် '

ကိုကိုထွက်သွားတော့ သက်ပိုင် တံခါးလေး ကိုမှီကာ နှာခေါင်းရူံ့လိုက်မိသည်။

"သူစိတ်ကြီးပဲ.... ဟိ ဒါပေ့မယ့်ချစ်စရာကြီး"

°°°°°°°°°°°°°°°°°°°°°°°°


      ထိုက် စုံးစမ်းပေးချက်အရ ကောင်လေးက မိဘတွေမရှိတော့ပေ။အစ်ကိုဖြစ်သူနဲ့အတူနေသည်
တဲ့ ။GTCရဲ့ဒုတိယနှစ်ကျောင်းသားဖြစ်ကာအသောက်အစားမရှိ၊  အနေအေးပြီးလိမ်မာရေးခြားရှိတဲ့ ကျောင်းသား လေးမို့ လူတိုင်းကချစ်ကြသည်တဲ့။ ကောင်လေးကသူများတွေနဲ့ မတူတာမို့ ကောင်မလေးပါမက ကောင်လေးတွေပါ သဘောကျတာတော့မဆန်းပါ။

'သူ့အိမ်က ချမ်းသာပါလျှက် ဟိုနေ့ကိစ္စ တွေက ဘယ်လိုဖြစ်ရတာလဲ။ ကျောင်းကို ဘာဖြစ်လို့ လိုင်းကားစီးပြီ တတ်တာလဲ '

ရှိန်းအများကြီးတွေးကာစဥ်းစားနေမိသည်။ရှိန်း ကောင်လေးအကြောင်းတွေးရင် တစ်ယောက်ထဲ ပြုံးလိုက်မိသည်။ကောင်လေး အကြောင်းတွေးရတာ သူကိုဘာလို့နွေးထွေးစေတာလဲ။

"အဟွန်း!!"

အေးမြသည့်ကောင်လေးကိုအဲ့နေ့ကပွေ့ချီခဲ့တဲ့အချိန်ထိတွေ့မိခဲ့တဲ့နူးညံပြီးအိစက်နေတဲ့အသားရည်လေးတွေကအစသူ အာရုံမှာမှတ်မိနေမိသည်။

BHONE Group.....

ရဲ့ ညီလေးဖြစ်ပြီသူကဘာလို့အခုလိုမျိုးကိစ္စတွေဖြစ်နေရတာလဲ။ သူအိမ်ကရောမသိဘူးလား။ ရှိန်းဘယ်လိုတွေးတွေးအဖြေရှာမရ။  BHONE Group ကိုသူသိသည်။  လုပ်ငန်းကိစ္စတွေအရ ခဏခဏညှိဘူးတဲ့ ပြိုင်ဘက်ကုမ္မဏီမို့သူသိနေတာဖြစ်သည်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now