The Missing Memory(1)

Start from the beginning
                                        

"ဟုတ်ပါပြီ..အန်တီ Jeon ကျွန်တော်ပြန်ပြောလိုက်ပါ့မယ်"

အဲ့ဒီနောက်ပိုင်း hyung ကသူ့အိမ်ကိုမကြာခဏလာလည်ကာ မစ္စ Jeon အားအဖော်ပြုပေးခဲ့တယ်...

"မင်းကြည့်စမ်း!တစ်ချိန်တုန်းက မင်းနောက်တစ်ကောက်ကောက်လိုက်နေတဲ့ Jeon အငယ်လေးက အခုတော့ကြောက်စရာကြီးဖြစ်တော့မယ်!"

"Omma ဘာလို့ကျွန်တော့်ကိုဆွဲဆွဲထည့်နေရတာလဲ"

ခွပ်!

"ကြည့်စမ်း!အခုလည်း ပြန်ပြောနေပြန်ပြီ!"

Hyung နဲ့သူ့အမေကြားစကားဝိုင်းမှာ Jeon jungguk ကတော့အထောင်းခံလိုက်ရပြန်သည်ပင်....

"တော်ပြီ!ကျွန်တော်အပေါ်တက်တော့မယ်"

စိတ်ကောက်သွားပြီဖြစ်တဲ့ Jeon jungguk ကိုသူ့အမေက အစမပျက်ခဲ့ပေ...Hyung ရောက်လာမှ Jungguk တို့အိမ်ကပိုစိုပြေလာသလို...Jungguk အဖေကလည်း hyung ကိုမြင်တာနဲ့အနှစ်နှစ်အလလကမတွေ့ရတဲ့သားတစ်ယောက်လိုပင်ဆက်ဆံကြတယ်...အဲ့ဒီအချိန်မှာဆို Jungguk ကဘေးလူသာ....

"ငါ့ကို တံတားအောက်ကများမွေးစားထားကြတာလား?"

အရမ်းကြာသွားတဲ့အတွက်လက်ဆောင်လေးပါ😘~

Zawgyi

#မှတ်ချက်

Dynasty ရဲ့ It all Fall down သီချင်နားထောင်ပြီးဖတ်ရင် ပိုကောင်းပါတယ်...

"Hey Jungkook မြန်မြန်လုပ်တော့ငါတို့အတန်းချိန်နောက်ကျတော့မယ်"

ဘေးကတဂျီဂျီလုပ်နေတဲ့ သူ့သူငယ်ချင်း Aroun ကိုသူမကျေမချမ်းကြည့်ရင်း...

"ဟေ့ကောင်!ယောက်ျားကောင်းတစ်ယောက်ဆိုတာ တစ်ကိုယ်ရည်သန့်ရှင်းရေး နဲ့ကိုယ်ဝတ်တဲ့အဝတ်ကစမတ်ကျနေဖို့လိုတယ်ကွ"

"တော်စမ်းပါ!မင်းကိုဘယ်သူကအဲ့လိုဝတ်ရမယ်ပြောလဲ..ငါ့လိုသာနေရင်မင်းကိုလိုက်မဲ့ကောင်မလေးတွေတစ်ပုံကြီးနေမှာ"

Jungguk သူ့ကိုဆရာလုပ်နေသော Aroun အားကြည့်မိတော့ အပေါ် တီရှပ်အဖြူကိုနှစ်လုံးလောက်ကြယ်သီးဖြုတ်ထားပြီးလျော့တိလျော့ရဲ necktie နဲ့....Jungguk ခေါင်းအသာခါရင်း လွယ်အိတ်ဘေးတစ်စောင်းလွယ်ကာထွက်လာလိုက်တယ်...သူနဲ့ကျွန်တော်က သူငယ်ချင်းတွေဖြစ်ပြီးအခန်းဖော်တွေ့ဖြစ်ကြပေမဲ့ ပုံစံကတော့ ဆီနဲ့ရေ လိုပါပင်...သူကဖြစ်သလိုနေတက်ပေမဲ့ ကျွန်တော်သူနဲ့အတူနေလို့ ကျွန်တော့်အကျင့်ပျက်သွားတယ်လို့ကိုမရှိဘူး...ကျွန်တော့် ကိုတစ်စုံတစ်ယောက်ကပြောဖူးတယ်...ယောက်ျားလေးတစ်ယောက်က ကိုယ်ဝတ်မယ့်အဝတ်ကိုသေချာဝတ်ရတယ်တဲ့...

The Missing Memory (Completed )Where stories live. Discover now