"ဝိုး!ဒါဆို Hyung လည်း Jeon အငယ်လေးချစ်အောင်နေရတော့မှာပဲ"
"Nae!!"
"Hahaha ဘာလို့အရမ်းအံ့သြနေတာလဲ Hyung ပြောတာမဟုတ်လို့လား"
"....."
"jeon အငယ်လေးချစ်တဲ့သူဖြစ်မှ Hyung လည်း Jeon အငယ်လေးရှာပေးတဲ့ပျော်ရွင်မှုတွေကိုခစားခွင့်ရမှာပေါ့"
"အာ~Hyung အဲ့လိုတွေမနောက်ပါနဲ့!"
"Hyung မနောက်ပါဘူး...Hyung က Jeon အငယ်လေးဘေးမှာရပ်တည်ပေးမယ်လေ"
"...."
လေးထောင့်ဆန်ဆန်အပြုံးလေးတွေနဲ့သူ့ကိုပြုံးပြနေတဲ့ Hyung ကိုကြည့်ရင်း...သူ့ရင်ထဲတစ်စုံတစ်ခုကိုခံစားလိုက်ရတယ်...သူအိမ်ပြန်လမ်းကိုအာရုံစိုက်လိုက်တော့ သူ့အိမ်ရှေ့တောင်ရောက်နှင့်နေပြီ....
ဒီနေ့အိမ်ပြန်လမ်းကတိုလိုက်တာ~
"ပြန်ရောက်ပါပြီ"
သူ့အသံကြားတော့ အမေကခေါင်းလေးထွက်ကြည့်တယ်...
"အွင်!?အစောကြီးပြန်လာ...Oh!!သားလေး မတွေ့ရတာကြာပြီကိုဘယ်လိုရောက်လာတာလဲ!"
အမေကသူ့ကိုပြောနေတဲ့စကားကိုပင်ဖြတ်ကာ ချက်ချင်းထလာပြီး စီနီယာဆိုသူကိုချက်ချင်းပွေ့ဖက်ကြိုဆိုလိုက်တာ...
"အမေ စီနီယာက..."
"မင်းကိုမမေးပါဘူး...လာသားလေးအန်တီတို့မတွေ့ရတာကြာပြီ...စကားပြောကြရအောင်"
တစ်ခါတည်း စီနီယာကိုဆွဲခေါ်သွားတဲ့အမေက ကျွန်တော့်ကိုတော့ တံခါးဝမှာပဲတစ်ယောက်တည်းထားခဲ့တယ်...
ဒါဘာသဘောလဲ~
ကျွန်တော်တောင်မမှတ်မိတဲ့ စီနီယာဆိုသူကိုအမေကကောင်းကောင်းသိနေတာကို ဘာကြောင့်ကျွန်တော်ကပဲမမှတ်မိရတာလဲ...အရမ်းငယ်နေသေးလို့များလား??...
Hyung နဲ့ အမေကတော့အလွန်အတိုင်အဖောက်ညီနေခဲ့တာ...
"Hahaha!!!အဲ့တုန်းက Jungguk လေးကမင်းသူ့ကိုမခေါ်လို့ဆိုပြီးငိုနေခဲ့တာလေ!"
"ပြောလိုက်စမ်းပါ!မင်းအမေကို...ဒီကိုလာလည်ပါဦးလို့ ပြောစရာတွေများတယ်လို့!"
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
The Missing Memory(1)
Start from the beginning
