"အန်တီ Jeon လား?"
"အော?"
"အန်တီ Jeon နဲ့မတွေ့ရတာတောင်ကြာပြီ...အခုသွားတွေ့ကြမလား"
"အာ...သိနေတာလား"
"Jeon အငယ်လေး ငါတို့ကအရင်တည်းကသိကြတာလေ...အခုတော့ ငါ အန်တီ Jeon ကိုမြန်မြန်နှုတ်ဆက်ချင်နေပြီသွားရအောင်"
တက်တက်ကြွကြွရှေ့ကသွားနေတဲ့စီနီယာကို သူအံ့သြရင်းပါးစပ်အဟောင်းသားလေးအတိုင်းကြည့်နေမိတယ်....ဟုတ်တယ် စီနီယာက သူ့ကိုစခေါ်ကတည်းက Jeon အငယ်လေးလို့ခေါ်ခဲ့တာ...ထိုစကားလုံးက သူ့ရင်ဘက်ထဲကိုနွေးထွေးစေတာတော့အမှန်....
"ပြီးတော့ စီနီယာ စီနီယာနဲ့မခေါ်စမ်းပါနဲ့ရင်းရင်းနှီးနှီး Hyung လို့ခေါ်"
"Nae!?"
"hyung လို့ခေါ်ခိုင်းတာလေ ဘာဖြစ်လို့လဲ?"
Jungguk ထိုအမည်နာမအားမခေါ်ခဲ့သည်မှာအလွန်ကြာခဲ့ပြီပြောရမယ်...တစ်စုံတစ်ယောက်သောသူကိုတော့ သူ Hyung လို့ခေါ်ခဲ့ဖူးတယ်...ဒါပေမဲ့ နောက်ပိုင်းဘာကြောင့်မှန်းမသိ သူ့မသိစိတ်ထဲကကို တခြားဘယ်သူ့ကိုမှ Hyung လို့မခေါ်ခဲ့တော့တာ...
"Jeon အငယ်လေး?"
"ဟုတ်ကဲ့ Hyung!"
ရုတ်တရပ်ပါးစပ်ကလွတ်ခနဲထွက်သွားတော့ စီနီယာကသဘောတကျပြုံးတယ်....ပြီးတော့ သူ့ခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးရင်း...ဒီလိုမှပေါ့...လို့လည်းပါးစပ်ကပြောပေးတာ......
နွေးလိုက်တာ~
"လာ~သွားကြစို့!"
စကားနည်းတဲ့သူက အခုလည်း ဘာစကားမှမပြောနိုင်ဘဲ စီနီယာနဲ့ဘေးချင်း ယဥ်၍လမ်းသာလျှောက်နေမိတယ်...သူ့စိတ်ထဲပြောစရာစကားတွေအရမ်းများနေပေမဲ့ သူစီနီယာနဲ့တွေ့တိုင်း သူ့ဦးနှောက်ကဘာပြောလို့ပြောရမှန်းမသိတော့တာတော့အခက်သား....
"Jeon အငယ်လေး မင်းဘာကြောင့်ဆရာဝန်ဖြစ်ချင်ရတာလဲ"
"..!?"
"ကျွန်တော်ကြီးလာရင် ကျွန်တော့မိဘတွေနဲ့ကျွန်တော်ချစ်တဲ့သူတွေ ကျန်းကျန်းမာမာနဲ့ပျော်ရွင်အောင်ထားချင်တယ် ဒါကြောင့် ကျွန်တော် အများကြီးကြိုးစားဦးမှာ"
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
The Missing Memory(1)
Start from the beginning
