ညနေလောက်ရောက်တော့ သူတို့ Major ကအဖွဲ့က Project အောင်မြင်လို့ဆိုပြီး တစ်ဝိုင်းထောင်ကြတယ်...စီနီယာတို့ကလည်း အကူအညီတွေပေးခဲ့တာဖြစ်သလို အခုလိုအောင်မြင်တော့ ချီးမွမ်းတဲ့အနေနဲ့သူတို့ကိုဒကာခံတယ်ပြောရမလား...ကံဆိုးစွာနဲ့ပဲ သူကတော့ လိုက်သွားလို့မရခဲ့ဘူး...သူ့အဖေက နယ်ဘက်ရောက်နေတာမို့ အိမ်မှာအမေတစ်ယောက်တည်းစိတ်မချလို့ဆိုပြီး သူ့ကိုအတန်တန်မှာနေခဲ့တာပဲ...
"Hey~Jungguk မင်းတကယ်ပဲ ဒီညပွဲမလာဘူးလား"
"အော..စီနီယာတွေကိုပြောပေးပါ ငါမလာနိုင်လို့တောင်းပန်တဲ့အကြောင်းလေး"
"မပြောဘူး!သစ္စာဖောက်ကောင်!အခုတော့ မင်းငါ့ကိုတစ်ယောက်တည်းထားသွားတော့မယ့်ပေါ့လေ!"
"Oh!?ဘာတွေဖြစ်နေကြတာလဲ?"
အချိန်ကိုက်ဆိုသလို စီနီယာ Kim ရောက်လာခဲ့တယ်...
"စီ..စီနီယာ ဘာ..ဘာမှမဟုတ်ပါဘူး!"
"မဟုတ်ဘူး စီနီယာ!!ဒီကောင်က သစ္စာဖောက်..ဝူးးဝူးး"
Aroun ပါးစပ်ကိုအတင်းလိုက်ပိတ်လိုက်တဲ့ Jungguk ကြောင့် စီနီယာ Kim ကပိုစိတ်ဝင်စားသွားသယောင်...
"ကဲ~ပြောပါဦး!"
"စီနီယာ ကျွန်တော် ဒီညပါတီပွဲမလိုက်နိုင်တော့ဘူး ဆိုတဲ့အကြောင်းပြောပြနေတာပါ အမေကအိမ်မှာတစ်ယောက်တည်းဆိုတော့ ကျွန်တော်ရှိနေမှရမှာ"
အမှန်အတိုင်းပြောရရင် သူ စီနီယာ့ကိုတွေ့တိုင်း သူ့ရင်ခုန်သံမြန်နေသလို တစ်ချိန်တည်းမှာပဲ စို့နင်လာတက်တယ်...သူစိတ်ထင်လို့ပဲလား ဒါမှမဟုတ် သူ့ခန္ဓာကိုယ်ကတစ်ခုခုချို့ယွင်းလာတာလားမသိနိုင်တာမို့ ဆေးစစ်ဖို့တောင်စီစဥ်ခဲ့တာ..ဒါကမဖြစ်နိုင်ဘူးမဟုတ်လား သူစီနီယာ့ကိုမနေ့တနေ့မှတွေ့တာကိုအခုလိုရင်ခုန်နေတယ်မှန်းသိရင်..စီနီယာသူ့ကိုရွံ့ရှာသွားမလား...ဒါကြောင့် သူစီနီယာနဲ့မတွေ့အောင်ရှောင်ချင်ခဲ့တယ်... ထူးဆန်းစွာပဲ စီနီယာက သူ မထင်ရင်မထင်သလို ဘေးကပေါ်ပေါ်လာတာပဲ...အဲ့အဓိပ္ပါယ်က သူတို့ တစ်ယောက်နဲ့တစ်ယောက်ပိုတွေ့ဖြစ်လာကြတယ်လို့ပြောရမလား...ဒါမှမဟုတ် ကံတရားကပဲ သူတို့နှစ်ယောက်ကိုခဏခဏထိပ်တိုက်ရင်ဆိုင်စေတယ်ပြောရမလား...
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
The Missing Memory(1)
Start from the beginning
