"ဘယ်သူ..??"
"အာ!Jungguk မင်းဘာဖြစ်သွားသေးလဲ စီနီယာကျေးဇူးတင်ပါတယ်!"
Aroun က ထိုကောင်လေးအားခါးညွတ်ကာ နှုတ်ဆက်လိုက်ရင်း ကျေးဇူးတင်စရာအထပ်ထပ်အခါအခါပြောတယ်....
"Jungguk!မင်းကိုစီနီယာသာမကယ်ရင် မင်းအခုလောက်ဆို မသာပေါ်နေလောက်ပြီ မြန်မြန်ကျေးဇူးတင်စကားပြောလိုက်လေ!"
အူကြောင်ကြောင်ဖြစ်နေတဲ့ Jungguk ကို Aroun က တိုက်တွန်းလိုက်တော့ ထိုစီနီယာဆိုသူက လက်ကာပြတယ်...
"ရပါတယ် ဒီလောက်လေးကဘာမှမဟုတ်ပါဘူး...နောက်ဆိုဂရုစိုက်ပေါ့"
"အဲ့လိုဆို ကျွန်တော်နေ့လည်စာတော့ဒကာခံပါရစေ"
Jungguk ပြောလိုက်တော့ ထိုစီနီယာက ပြုံးပြလာတယ်...
"ဟုတ်ပြီ...အဲ့လိုဆို မင်းကိုငါ့ဖုန်းနံပါတ်ပေးမယ်"
"ဒါနဲ့ စီနီယာ့ နာမည်လေးပြောပေးလို့ရမလား?"
"ဒါပေါ့ရပါတယ်"
"ကျွန်တော့်နာမည်က Jeon Jungguk ပါ!"
"ငါ့နာမည်က Kim.."
"Nae?...ဟိုကျွန်တော်သိပ်မကြားလိုက်လို့ Kim ဘာ.."
"ဟျောင့်!တော်တော့ စီနီယာငါတို့ကြောင့် ကျောင်းနောက်ကျတော့မယ် ကောင်းကောင်းသွားပါ စီနီယာ!"
"ကောင်းကောင်းသွားပါ စီနီယာ~"
အဲ့ဒီနောက်သူတို့ဖုန်းနံပါတ်ချင်းလှဲပြီးစီနီယာအကိုက ထွက်သွားခဲ့တယ်....
"ငါနာမည်မေးနေတာကို မင်းဘာကိစ္စနှောင့်ယှက်နေရတာလဲ!"
"ဟိတ်ကောင်!မင်းကလည်း ဒီကိစ္စလေးလောက်နဲ့ဘာကိစ္စဒေါသထွက်နေတာလဲ!ဒါနဲ့အဲ့ဒီစီနီယာက ချောလိုက်တာ"
"မင်းစီနီယာကိုပြစ်မှားမနေနဲ့"
"ဘာဖြစ်လဲ!စီနီယာဆီမှာ ကောင်မလေးမှမရှိသေးတာ အခွင့်အရေးရသေးတယ်!"
Aroun ရဲ့တက်တက်ကြွကြွအသံကိုနားထောင်ရင်း သူအလိုသိပ်မကျချင်တော့..ဒါပေမဲ့ သူထိုစီနီယာကိုနောက်တစ်ခေါက်ထပ်တွေ့ချင်သေးသည်ပင်....သူ့ဘဝအလှည့်အပြောင်းကအဲနေရာမှာစခဲ့မှန်းသူမသိခဲ့ဘူး....အရာအားလုံးကသူ့ဖြစ်စဥ်နဲ့သူလည်ပတ်နေခဲ့တယ်....
YOU ARE READING
The Missing Memory (Completed )
Short Storyတစ်စုံတစ်ယောက်ကိုသူ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းမှာမေ့ပျောက်နေခဲ့တာ~.....
The Missing Memory(1)
Start from the beginning
