RVTIACF Chapter-(42)

Start from the beginning
                                    

"ငါ့ကို လွှတ်စမ်း!"

သူမ လုပ်လိုက်ပါသည်: သူ့ကိုတွန်းထုတ်ကာ လွှတ်ပေးလိုက်သည်။ ထိုမှသာ သူ့ရင်ဘတ်ပေါ်တတ်နင်းပြီး ဒေါက်ဖိနပ်ချွန်ကို သူ့နှလုံးဆီ  ချိန်ထားနိုင်မည်သာ။

"နောက်ဆုံးအကြိမ် သတိပေးနိုင်မယ်။ ရှင်အဲ့လောက်သေချင်နေလား? ကောင်းပြီလေ...ဆန္ဒတွေပြည့်အောင် ကျွန်မကူပေးမှာပေါ့။"

လူသတ်လိုတဲ့ အရိပ်အငွေ့တွေ ချူရှောင်းမျက်လုံးထဲ ဖြတ်ပြေးသွားတဲ့အခါ ယိချန် ဆံပင်တွေအဖျားကထောင်လာကာ၊ အသံတွေ အေးခဲသွားပြီး သူ့နဖူးက ချွေးအေးတွေတစ်စက်ချင်း စီးကျနေသည်ကိုပင် ခံစားမိနေတော့သည်။

ရှောင်းဟန်အနားကပ်လာချိန်မှာ ချုရှောင်းသူမခြေထောက်ကို ရုတ်ပြီး စကပ်ကိုပြန်ပြင်လိုက်၏။ သူမယိချန်ကို ငုံ့ကြည့်ချိန်မှာတော့ သူမမျက်နှာဝယ် ခံစားချက်မဲ့နေ၏။

"ကျွန်မ ယိမိသားစုကုမ္ပဏီကို လိုချင်တယ်။ အခုကစပြီး ရှင်တို့ရဲ့ပရောဂျက်အားလုံးကို အရှေ့ကော်ပိုရေးရှင်းက ပိုင်တော့မှာ။"

****
ရှောင်းဟန် ယိချန်ကို ဝေ့ကြည့်ပြီး ချူရှောင်းချိတ်ဖို့ သူ့လက်ကို ဆန့်တန်းလာ၏။ သူတို့လမ်းလျောက်လာရင်း  သူမကိုပြောသည်က:

"မင်းပြန်မလာတာ အတော်ကြာနေပြီမို့ လာကြည့်တာ။"

ချူရှောင်းရယ်ကာ သူ့ကိုကြည့်လိုက်သည်။

"Mr.ရှောင်းရဲ့ ပူပန်တာကိုဖော်ပြတဲ့နည်းကလည်း သဘာဝမကျလိုက်တာ။ အဲ့ဒီအမှိုက်ကောင် ကျွန်မနောက်ကလိုက်လာတာကိုမြင်လို့ ကျွန်မကိုစိတ်ပူသွားတယ်လို ပြောလည်းရရဲ့သားနဲ့။"

ချူရှောင်းတစ်ယောက် အငြိုးကြီးတဲ့နတ်ဘုရားမတစ်ပါးလို ဖြစ်နေမယ့်ပုံကို ရှောင်းဟန်တွေးကြည့်မိပြီး ပြုံးတာမရပ်နိုင်တော့ပေ။

"ကြည့်ရတာတော့ ကျွန်တော်စိုးရိမ်ဖို့ မလိုဘူးထင်ပါရဲ့။ မင်းဘာသာ အကောင်းဆုံး ဖြေရှင်းသွားတာပဲ။ ဟမ်...ယိမိသားစုကုမ္ပဏီကို တစ်ကယ်ပဲ လိုချင်တာလား?"

"ဒါပေါ့။ ကျွန်မအစကတော့ လျစ်လျူရူဖို့ ဆုံးဖြတ်ထားတာ။ အပြီးသတ်ချင်တဲ့ ဟာတွေလည်းအများကြီး ရှိသေးတာမို့ အချိန်မဖြုန်းချင်ဘူးလေ။ ဒါပေမယ့်လည်း သူတို့ကအခြေအနေကို နားမလည်ပဲ ကျွန်မကိုဆက်နှောင့်ယှက်နေတာကို။ ဆိုတော့ သူတို့ကို ရှင်းထုတ်လိုက်ပြီး ဒီကမ္ဘာကိုမျက်နှာသာ ပေးလိုက်တော့မယ်။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now