အပိုင်း(3)🌪️

Start from the beginning
                                    

"တစ်ကယ်နည်းနည်းလေးမှ သားကိုသတိမရဘူးပေါ့ ..."

"အင်း တစ်ကယ်မရဘူးလေ "

"ကိုကို ဗျာ.."

ရုပ်လေးက ချက်ချင်း စူပုတ်သွားကာအိမ်ထဲသို့ ငိုပြီးပြေးဝင်သွားသည်။သူ သိလိုက်ပါပြီဒီကောင်လေးစိတ်ကောက်သွားပြီဆိုတာ။

"ကဲ...ဟိုကတစ်ကယ်ထင်ပြီးစိတ်ကောက်သွားပြီ။ အရမ်းစတာပဲ သားကြီးရယ်။  သွားချော့လိုက်ဦး သား ညီလေးကို"

"ဟုတ် မေမေ ...အာ ဒါနဲ့ဦလေးထွန်းနဲ့မေကြီးဆွေနေကောင်းတယ်နော်သားကအများကြီးသတိရနေတာ"

"အမလေး သတိရသေးလို့တော်ပါသေးရဲ့ သူညီလေးမြင်ပြီးကျုပ်သတိမရတော့ဘူးထင်လို့"

အကုန်ဝိုင်းရယ်ကြတော့ ဓန ရှက်သွားသည်။

"ကြီးမေကြီးကလဲဗျာ"

"ဟော.....လူပျိုသိုးလေးရှက်သွားပြီ ကြည့်ပါဦး ကိုထွန်းရယ် ကျုပ် ဓနလေးက မျက်စိရှေ့တင် ညိုချောကြီးခန့်လိုက် ချောလိုက်တာရှင်"

"ဟုတ်ပ့ ဟုတ်ပ့ မဆွေရေဟားဟားဟား"

"အဲ့ဆိုသားညီလေးဆီသွားလိုက်ဦးမယ် သွားပြီမေမေရေ!!"

ဓန အိမ်ထဲပြေးဝင်သွားတော့ မေမေတို့နောက်နေရယ်ရင်းကျန်ခဲ့ကြသည်။ဖေကြီးကိုတော့အခုထိသူမတွေ့ရသေး ။ ညနေမှ သူမေးပါတော့မည်။

"ဒေါက် !ဒေါက် !ဒေါက် !ဟိတ်ကောင်ဆိုးလေးတံခါးဖွင့်ဦး ကိုကိုမောလာလို့ဖွင့်ပါဦး ကလေးလေးရေ...."

သက်ပိုင် ကိုကိုအသံကိုကြားပေ့မယ့်တိတ်တိတ်လေး နေနေ လိုက်သည်။

"ဟွန့်!!လူဆိုးကောင်ကြီး သားကလွမ်းနာကိုသူကအလုပ်ရူပ်နေတယ်တဲ့ ဟင့်မခေါ်ဘူး မခေါ်ဘူး လုံးဝမခေါ်ပဲ ပြစ်ထားပြစ်မယ် "

"ဒါဆို.. ကိုကိုဝင်လာပြီနော်"

ဓန တံခါးကိုတွန်းကာအသာလေးအခန်းထဲဝင်လာတော့သက်ပိုင် စောင်ကိုခေါင်းမြီးခြုံထားကာငြိမ်နေသဖြင့် သူရယ်ချင်လာသည်။

"ဟိတ်!!ဒီလောက်ပူနေတာ airconလဲဖွင့်မထားပဲ ဒီကလေး ဖယ်ပါဦး ကိုကို ကိုမျက်နှာပြဦး "

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now