RVTIACF Chapter-(41)

Start from the beginning
                                    

သူတို့ရဲ့ အပြန်အလှန်ပြောစကားတွေအတွင်း သူတို့နှစ်ယောက်က တစ်ယောက်ရဲ့အသက်ရှုသံကို တစ်ယောက်ကခံစားမိသည်အထိ နီးကပ်နေပြီဖြစ်သည်။ ရှောင်းဟန်ကအရင် အဝေးကိုကြည့်လိုက်ပြီး:

"မင်းကိုဂရုစိုက်ပါမယ်လို့ ဒါရိုက်တာဖန်ကို ကတိပေးထားတယ်။"

ချုရှောင်း ခေါင်းငြိမ့်လိုက်၏။

"ဒီတော့ ဒါကြောင့်ကိုး။"

အလိုအလျောက်တုံ့ပြန်မှုအရ ရှောင်းဟန်ထပ်ဖြည့် ပြောလာသည်။

"ဒါပေါ့ဗျာ။ ကျွန်တော် Missချုကို တကယ်လေးစားတာကြောင့်လည်း ပါတာပေါ့။"

ချူရှောင်းက အပြုံးဖျော့ဖျော့လေးနှင့်

"ကျွန်မလည်း Mr.ရှောင်းကို တကယ်လေးစားမိပါတယ်။"

သူတိုနှစ်ယောက် လူအုပ်ကြားထဲဝင်လိုက်တာကြောင့် စကားပြောနေတာရပ်လိုက်ကြသည်။ သူတို့က လက်ဆောင်တွေကို စီနီယာ Mr.ချန်ဆီ ပို့ဆောင်ပြီး ရှောင်းဟန်ကချူရှောင်း စီနီယာMr.ချန်ကိုသိအောင်နဲ့ တခြားစီးပွားရေးနယ်ပယ်ထဲက ထင်ရှားတဲ့သူတွေကိုသိအောင် ကူညီရင်းထပ်ပြီးမိတ်ဆက်ပေးပြန်သည်။

ရှောင်းဟန်ကိုလေ့လာပြီးနောက် လူအချို့က အရှေ့ကော်ပိုရေးရှင်းနဲ့ရှောင်းမိသားစုကြားက ပူးပေါင်းမှုကို အနည်းငယ်အကဲခတ်မိကြ၏။ မိသားစုနှစ်ခုက တကယ်ကြီးအဆင်ပြေပြေ ရှိနေမှတော့ အလုပ်ကလည်း အတော်လေး ချောမွေ့နေပုံရသည်။ မဟုတ်ရင် ရှောင်းဟန်လို  အေးစက်စက်မထုံတတ်သေးနံရံကြီးက ချုမိသားစုရဲ့သမီးကို လမ်းပြနေမှာမဟုတ်ပေ။

ထပ်ပြောရရင် လူငယ်နှစ်ယောက် အတူရှိနေတာက တောက်ပနေတဲ့အတွဲအလားပင်။ လူအတော်များများမှာတော့ ရေးတေးတေးယူဆချက်တွေ ရှိနေကြသည်။

ယိမိသားစုက အချိန်တိုအတွင်း သူတို့နောက်ကရောက်လာပြီး စီနီယာMr.ချန်ကို ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ဖို့ ဆုတောင်းပေးနေကြသည်။

ဆွန်းကျယ်က ရှေ့ကိုတစ်လှမ်းတိုးရင်း ချူရှောင်းလက်ကို လှမ်းဆွဲလာသည်။

"ရှောင်းရှောင်း အခုတစ်လော အလုပ်များတဲ့ပျားလေး ဖြစ်လာတာပဲ! ဒေါ်လေးနဲ့ ပစ္စည်းတွေလျောက်မကြည့်နိုင်လောက်အောင် အလုပ်များနေတာပဲနော်! ဒီနေ့ နောက်ဆုံးတော့ သမီးကို ထပ်တွေ့ရပြီပဲ။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now