(Part-17)

1.4K 36 0
                                    

"မမနီ...."

"ဟယ်!...အနက်.. မလာတာတောင်ကြာ်ပေါ့"

သူမ မသွားဖြစ်တာကြာနေသော အလုပ်သမားဆောင်ဘက်သို့ ‌သွားကာ မမနီဆီသို့ ဝင်ခဲ့သည်။သွေးနုသားနုအရွယ်မို့ မမနီမှာ အိပ်ရာထဲမှ ခပ်ဖြေးဖြေးထကာ ကုတင်ကိုမှီလိုက်သည်။ဘေးမှ ကလေးလေးအား အနည်းငယ်မြှူနေရင်း လက်ကလေးမှာ ဗိုက်ပေါသို့ရောက်သွားရသည်။

အနက်သိပ်ချစ်ရသူရဲ့ ရင်သွေးကိုလည်း ဖျက်မချပစ်ရက်သလို။သူရဲ့ ဒီပုံစံအတိုင်းနဲ့လည်း ရင်သွေးလေးကို မမွေးဖွားပေးချင်ပါ။

"သမီးလေးလားဟင် မမနီ...."

"သားလေး အနက်ရဲ့။ချစ်ဖို့ကောင်းတယ်မလား"

"အင်း...မမနီနဲ့ တအားတူတာပဲ"

"သားက ခုထိနာမည်မပေးရသေးဘူး။မမက အနက်ကိုပေးစေချင်နေတာ"

"ဟင်!...အနက်ကို"

"အင်း။ကိုထွန်းက‌လဲ ဘာမှမပြောဘူး။အနက်ပေးဝောာ့လည်း ပိုကောင်းတာပေါ့တဲ့။"

ကိုယ့်သားသမီး၏နာမည်ကိုတောင် မမှည့်ပဲ အနက်ကိုသာ ပေးစေချင်သော မမနီ၏ မေတ္တာအား နားလည်ကာ မျက်ရည်တို့က ရစ်ဝိုင်းလာသည်။တစ်ပြိုင်နက်ထဲမှာပင် အနက်၏ရင်သွေးလေးဆိုလျှင်ကော မည်သည့်နာမည်ပေးရမည်နည်း ဟူသည့်အသိကို တွေစလိုက်မိ၏။

"အနက်က ဘာမှမဟုတ်ဘူးလေ မမနီရဲ့.......။ဒါမျိုးဆိုတာ ဗေဒင်ဆရာတွေဘာတွေနဲ့ သေချာ ရွေးရတာမျိုးမဟုတ်ဘူးလား။ပြီးဝော့ တသက်လုံး သုံးရမှာလေ"

"အေးလေ။အဲဒါကြောင့် မမက ပေးခိုင်းတာပေါ့။မမမှာ ဆွေ‌မျိုးဆိုလို့ အနက်လေးပဲရှိတော့တာ။ကဲပါ အနက်ရယ်...မပေးချင်ဘူးဆိုလည်းရပါတယ်"

"အနက်က မပေးချင်လို့မဟုတ်ပါဘူး။...အနက်ပေးပါ့မယ်"

ထိုအခါမှ မမနီ၏ မျက်နှာတွင်ပြုံးယောင်လေးသန်းလာသည်။ဦးနှောက်ကိုချက်ချင်းအလုပ်ပေးရင်း နာမည်တစ်ခုကို ရှာပုံတော်ဖွင့်ရသည်။

"မင်းလုလင်ခ....အင်း။ဟုတ်တယ်။မင်းလုလင်ခ...ဘယ်လိုမမနီ ကြိုက်ရဲ့လား။အနက်က ဒီတိုင်းပဲ သားသားနဲ့ အဆင်ပြေမယ်ထင်လို့ ရွေးလိုက်တာ"

Footprint of kiss(အနမ်းခြေရာ)Where stories live. Discover now