(Part-7)

1.6K 40 0
                                    

"ဟင်!......ရှင်...."

"မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ"

မျက်လုံးအဝိုင်းသားနှင့် သူမနားသို့ တိုးကပ်ရင်းမေးလိုက်သည်။သူမမျက်ဝန်းထဲမှ အားငယ်မှု၊ဝမ်းနည်းမှုတို့ကိုပါ အထင်းသားမြင်နေရ၏။

"ဟို.....သခင်လေးအတွက် ထမင်းချိုင့်လာပို့တာပါ"

"ဟုတ်လား။ကိုကြီးရော......."

"သခင်လေးက အခုလေးတင်ပဲအပြင်သွားပါတယ်။"

ခေါင်းလေးကိုကျိုးကျမတက်ငုံ့ထားကာ တစ်ရိုတစ်သေပြန်ဖြေနေသော သူမလေးကို ပြုံးကာကြည့်နေမိသည်။

"အဲဒါဆို ထမင်းကရော....."

"ဟို....ဟို...အောက်ထပ်က ဝန်ထမ်းတွေကို ကျွေးလိုက်ပါတဲ့။"

စကားမရှိစကားရှာပြောရင်းမှ သူ့အတွက်အခွင့်ကောင်းအား ‌တွေ့လိုက်သည်မို့ မျက်နှာတစ်ခုလုံးဝင်းလက်သွားရ၏။

"ကိုယ်စားမယ်ဆိုရင်ရော......"

"ရှင်!......."

ခြင်းတောင်းကိုကိုင်ထားသော လက်ကလေးတို့အား ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။သူ့အတွက်တကူးတကချက်လာပေးသော ဟင်းတွေက အခုတော့ အခြားသူအတွက်ဖြစ်ချေတော့မည်။ကံကြမ္မာရယ် အနက်ကို တစ်ခါလောက် မျက်နှာသာပေးပါလား။

"ဟိတ်!......ဘာတွေစဉ်းစားနေတာလဲ။စားလို့မရလို့လား"

"ဟို....ဟို....သခင်လေးကလေ ခွင့်ပြု....."

"ကိစ္စမရှိဘူးရတယ်။ဒီမှာလာထိုင်လေ.....လာ"

မျက်နှာချင်းဆိုင် ဆိုဖာနေရာအား ရည်ညွှန်းပြောဆိုလိုက်သည်မို့ သူမက မချင့်မရဲ ဝင်ထိုင်ကာ ထမင်းပြင်ပေးလေသည်။ကပိုကရိုကျနေသောဆံနွယ်တို့က မျက်နှာလှလှအား ကွယ်လိုက်ပျောက်လိုက် လုပ်နေသည်။အထင်းသားမြင်နေရသော သူမမျက်တောင်ရှည်ကော့ကော့တို့က ဂန္တဝင်ဆန်လွန်းလှသည်။

"အစ်ကိုလေး.....ရပါပြီရှင့်"

"ဟမ်!.....ဘယ်လို.....ဘယ်လိုခေါလိုက်တယ်"

"အစ်ကို.....အစ်ကိုလေး"

"ကျစ်.....မင်းအသက်ဘယ်လောက်လဲ။"

Footprint of kiss(အနမ်းခြေရာ)Where stories live. Discover now