(Part-5)

1.7K 49 0
                                    

လျင်မြန်သောခြေလှမ်းတို့ဖြင့် တက်လာသည်က မပြေးရုံတမယ်ဆိုတာ မြင်သူတိုင်းသိမှာပါလေ။လှေကားတို့ကို မမောနိုင်မပန်းနိုင် ဆင်းလာမိရင်း နောက်ဆုံးတွင် သူမ လဲကျရာနေရာသို့ ရောက်လာခဲ့၏။

လှေကားပေါ၌ ခွေခွေလေးလဲကျနေသော သူမသည် ပိုးဟပ်ဖြူလေးကဲ့သို့ ဖြူဖတ်ဖြူရော် ဖြစ်နေလေသည်။သူ့ထံမှ အပြုံးတစ်ပွင့်ခုန်ထွက်လာကာ ဘေး၌ရှိသော မန်နေဂျာဇေယျာအား လှမ်းပြောလိုက်သည်။

"ဇေယျာ....သူ့ကိုဆေးရုံလိုက်ပို့ပေးလိုက် ။မမျိုးကိုပါခေါသွား။ပြီးရင် အိမ်ကိုပြန်ပို့လိုက်"

"ဟုတ်ကဲ့ပါ Boss"

ဘေးမှ ဝန်ထမ်းမလေးများနှင့်ဝိုင်းကာ သယ်သွားသည့် သူမကိုဖျတ်ခနဲကြည့်လိုက်မိသည်။ဂါဝန်လေးဝတ်ထားသည်မို့ ခြေသလုံးတို့မှာ နီရဲနေ၏။အခုထိ မသက်သာသေးပဲကိုး။အဟွန်း.......။

"ကိုကြီး....ဘာတွေဖြစ်နေတာလဲ"

သူ့အနောက်ပါးမှ ထွက်ပေါလာသော မော်ကွန်း။ကြည့်ရတာ လှေကားအတိုင်းဆင်းလာရလို့ မောနေသည်ထင်ပါရဲ့။

"ဘာမှမဖြစ်ပါဘူးကွာ။ဝန်ထမ်းတစ်ယောက်မူးလဲလို့။ကဲလာ.....အပေါပြန်တက်ရအောင်။မင်းနဲ့ ဆွေးနွေးစရာအကြောင်းတွေရှိသေးတယ်"

"Liftနဲ့ပဲ တက်မယ်လေ။ဒီတိုင်းဆို ကျွန်ဝောာ်သေလိမ့်မယ်"

"အဟားဟား.....အေးပါကွာ ငါလည်း မေ့သွားလို့ပါ"

ကြောက်ရွံ့သည့်ဟန်နှင့်ပြောလိုက်သည့် မော်ကွန်းအား သူကြည့်ကာရယ်မိ၏။ဒီကောင်လေးဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေတက်သူပီပီ ပုံစံကလည်း ခပ်သန့်သန့်ပေမို့ ကောင်မလေးတွေလည်း ဝိုင်းဝိုင်းလေးနေမှာမှန်း သူသိပြီးသားပါလေ။
သို့သော် သူငယ်ချင်းတွေနဲ့ ‌အပျော်လွန်နေသည့်‌ေမာ်ကွန်းအား လေးလေးမိုးမှ မနိုင်လွန်းလို့ သူ့ထံလွှဲအပ်လိုက်ပြီဖြစ်သည်။‌မင်းဝောာ့ တွေ့ကြသေးတာပေါ့ မော်ကွန်းရာ။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မှုန်ဝါးဝါး‌သာ မြင်နေရသည့် မျက်နှာကြက်ကို အားယူကာ က်ြည့လိုက်၏။ဒါ အဆောင်ကို ပြန်ရောက်‌ေနတာပဲ။

Footprint of kiss(အနမ်းခြေရာ)Where stories live. Discover now