(Part-13)

1.5K 33 0
                                    

"ဟယ်လို...ခလွန်နက်...နေကောင်းတယ်နော်"

သူမကိုပြုံးပြရင်းဖော်ရွှေစွာမေးနေသော မမဖြူအား ခေါင်းလေးညိမ့်ရင်း

"ဟုတ်....ကောင်း...ကောင်းပါတယ်"

"မောင်က ကုမ္ပဏီသွားတယ်ထင်တယ်။ဟုတ်တယ်မလား"

"ဟုတ်ကဲ့"

"မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်နော်။လူသိရှင်ကြားတွဲခဲ့တဲ့ တို့ဆီကနေ လုသွားတဲ့ မင်းအတွက်"

"ရှင်!...."

"သုံးလေးပတ်လောက်ဒီမှာနေဖြစ်မယ်ထင်တယ်။အဲ့ဒါကြောင့် တစ်ခါတည်း လာပြောတာ။သွားနားလိုက်ဦးမယ်နော်"

ဘာမှပြန်မဖြေနိုင်ခင်မှာပဲ ထွက်သွားသည့် မမဖြူ၏ နောက်ကျောကိုသာ ကြည့်ရင်း အခန်းထောင့်တွင် အရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။

အနက် သူ့ကို လုယူခဲ့တာလား။ဟင့်အင်း။မဟုတ်ဘူး။မဟုတ်ဘူး။အနက်မက်မောမိခဲ့တဲ့ သူ့အချစ်ဆုံးမိန်းကလေးအတွက် ဆိုတဲ့ အခန်းဟာ အခုထိ အနက်အပိုင်မဟုတ်သေး။မမဖြူသာ အခုထိပိုင်ဆိုင်‌ေနသူမဟုတ်လား။သူအနက်ကို ချစ်ရော...ချစ်ရဲ့လား။

စသည့်အတွေးများနှင့် အနက်ယောင်ချာချာဖြစ်နေသည်။အနက်ကို ဘယ်သူမှမှ မချစ်တာ။သူလည်း ချစ်မှာမဟုတ်ပါဘူး။

"အနက်!...."

"........."

"ဟာ!.... ဘာလို့ငိုနေတာလဲ"

တစ်ချိန်က သူချစ်ဖူးသည့် မိန်းကလေး။အခုထက်ထိ ချစ်နေဆဲ မိန်းကလေးမျက်ရည်တို့အား မြင်လိုက်ရစဉ် သူ့ရင်အား ဆောင့်ကန်ခံရသလိုပင်။

"အစ်ကိုလေး...."

ဘေးနားလေးသို့ ထိုင်ချရင်း ရှိုက်ကြီးတငင်ငိုနေသော သူမအား ပွေ့ဖက်ထားမိသည်။

"အီး...ဟီး....အနက်....အနက်ကို ဘယ်သူမှမချစ်ကြဘူး။ဟင့်..."

နှာဖျားလေးတွေနီရဲနေသည်ထိ ငိုသော သူမလေးအား သူမကြည့်ရက်ပါ။ငိုသံလေးက တစ်ချက်ချက် ရှိုက်နေသည်ထိမို့ သူမလေး ပင်ပန်းရော့မည်။

"ချစ်ပါတယ်။ကိုကြီးလည်း နင့်ကိုချစ်တာပဲ။မနီကလည်း နင့်ကိုချစ်တာပဲလေ"

Footprint of kiss(အနမ်းခြေရာ)Where stories live. Discover now