" ဟုတ်သားပဲ ကိုးလ်အတွက်ကော "

" ကျွန်တော်က မလိုပါဘူး "

" ကိုးလ်က ကျတော့ ကိုယ်ရှိရင်ရပြီ‌ ....ကိုးလ်လိုချင်တာ မှန်သမျှ ကိုယ်ကိုယ်တိုင် လိုက်ရှင်းပေးမယ်။ ကိုယ်က ကိုးလ်ရဲ့ black card ပဲလေ "

" အော် ! "

လေပြေညှင်းမှာ သူမအစ်ကိုအား ခေါင်းတခါခါဖြင့် မျက်နှာလွှဲလိုက်ပြီး ရှုတ်မဲ့နေတဲ့ သူမမျက်နှာကို ဘယ်သူမှမမြင်အောင် ကြိုးပမ်းလိုက်သည်။

နောက်တစ်နေ့မနက်ပိုင်း ၈ နာရီလောက်တွင် လေပြေရှင်းက ကိုးလ်ရဲ့ အခန်းတံခါးကို တက်ကြွမှုများအပြည့်ဖြင့် ဆည်းလည်းသံလေး ထွက်အောင် တီးခေါက်လိုက်သည်။ တုန့်ပြန်လာသည့် တံခါး၏နောက်ကွယ်တွင် ရှင်း စောင့်ဆိုင်းသူ အမျိုးသားမှာ ပန်းပွင့်တစ်ထောင် မျက်နှာငယ်စေမည့် အပြုံးမျိုးဖြင့် စီးကြိုနေသည်။

" အဆင်သင့်ဖြစ်ပြီလား "

" အင်း "

" အရင်တစ်ခေါက်က ပင်လယ်ဘက်ကို သွားထားတာဆိုတော့ ကိုယ်တို့ ဒီတစ်ခါ တောင်တန်းတွေဘက်ကို သွားကြတာပေါ့ "

" အင်း "

နှစ်ယောက်လုံး ကားနဲ့ထွက်ခွာသွားချိန်တွင် လေပြေညှင်းတစ်ယောက်သာ အိမ်စောင့်အဖြစ် ကျန်ရစ်ခံခဲ့ရလေသည်။ တစ်ချိန်တည်းမှာပင် အိမ်ပြင်ခိုးထွက်ပြီး လွတ်လွတ်လပ်လပ်နေချင်တဲ့ သူမရဲ့ မဟာအကြံအစည်ကို စတင်အကောင်အထည် ဖော်ထုတ်တော့သည်။

ကားပေါ်မှာ ပင်ပန်းလွန်းလို့ ကိုးလ်က အရင်အိပ်ပျော်သွားပြီး လေပြေရှင်းတစ်ယောက်ထဲသာ တိတ်ဆိတ်နေတဲ့ ခရီးကို ဖြတ်သန်းခဲ့ရပြန်လေသည်။အသားကုန်မောင်းနှင်ခဲ့ပြီး ညလည်လောက်အရောက်တွင် " ခရာနွယ် " တောင်တန်းတွေရှိရာ ရှမ်းပြည်နယ်ကို ရောက်ရှိခဲ့လေပြီ။

" ကိုးလ် ကိုယ်‌တို့တွေရောက်ပြီ "

" အမ်.....ဟုတ်လား "

" ပင်ပန်းနေပြီလား ဒီမှာနည်းနည်းအေးတယ် '

" ရပါတယ် "

" ကိုယ် ဟော်တယ်ကို ဘိုကင်လုပ်ပြီးသွားပြီ။ အထဲရောက်မှ အေးဆေးထပ်အိပ်တော့ ဟုတ်ပြီလား "

Hate Poem Written With Love࿐Where stories live. Discover now