81. မင်းသားရှောင်က အကြွေးပြန်ဆပ်ဖို့ တောင်းဆိုတယ်

Comenzar desde el principio
                                    

မို့ရွှီတုန်းသည် ခြေလှမ်းအနည်းငယ် အမြန်ပြေးပြီး သူ့နောက်သို့လိုက်ခဲ့သည် ။  သူက အင်အားကြီးသူဖြစ်ပြီး သူ့ကို စော်ကားဖို့ မတတ်နိုင်ဘူးလေ။  

သူ့နောက်က ပျော့ပျောင်းတဲ့ ခြေသံတွေကို ကြားလိုက်တဲ့အခါ ဖန်ယုလန်က ပြုံးလိုက်တယ်။  သူ့မျက်လုံးတွေဆီရောက်သွားတော့ သူတော်တော်လေး ကျေနပ်သွားတယ်။  သူတို့နှစ်ယောက် တိတ်တဆိတ် လျှောက်သွားကြသည်။ 

မို့ရွှီတုန်းသည် ဖန်ယုလန်၏နောက်သို့ လိုက်သွားကာ သူတို့ကြားတွင် ခြေတစ်လှမ်းသာ အကွာအဝေးခြားခဲ့သည် ။ မိုရီက သူတို့နောက်ကနေ လိုက်သွားတယ်။ 

မို့ရွှီတုန်းသည် သူမလက်ထဲက ဇီးသီးပွင့် ဘယ်အချိန်ကျသွားမှန်းမသိဘဲ လမ်းလျှောက်လာရင်း ဖန်ယုလန် ၏ချောမောသောမျက်နှာကို မှိန်းစက်နေသော အမူအရာဖြင့် ကြည့်နေသော အိမ်ဖော်အမျိုးသမီးငယ်အချို့ကို တွေ့လိုက်ရသောအခါတွင် သူမ စိတ်မသက်မသာဖြစ်ခဲ့ရသည်။

သူမ စိတ်ကူးထားတာထက် အခြေအနေတစ်ခုလုံး ပိုဆိုးသွားသလိုပင် ။  ဖန်ယုလန်ကို ဘယ်လိုမှ မစော်ကားရဘူးလို့ သူမ တွေးနေခဲ့ပေမယ့် ချောမောတဲ့လူက ဒီလောက်ဒုက္ခပေးလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။ ဇီးသီးပွင့်သစ်တောထဲ မင်းသားရှောင်နဲ့အတူတူ လမ်းလျှောက်ကြတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့သွားမယ်ဆိုရင် သူမကို မြင့်မြတ်တဲ့ အမျိုးသမီးတွေက ဝိုင်းပယ်ထားလိမ့်မယ်။ 

မင်းသားရှောင်ကို ကြည်ညိုလေးစားသော မြင့်မြတ်သော အမျိုးသမီး အများအပြား ရှိသည်ကို သူမ ကြားသိခဲ့ရသည်။  သူမ တုန်လှုပ်သွားပြီး နဖူးပေါ်မှ ချွေးများ ထွက်ကျလာသည်။  သူမသည် မြို့တော်ကို ယခုမှရောက်ရှိလာပြီး ရန်သူများစွာကို မဖန်တီးဝံ့ပေ။

မို့ရွှမ်မင်နှင့် အဒေါ်ဖန် တို့သည် မြို့တော်ရှိလူများက သူမအပေါ် အမြင်မကြည်စေရန် မျိုးစုံကြံစည်ခဲ့ကြသည် ။ အခု ဒီလိုမျိုးသာ ထပ်ကြုံလာရရင် သူမဟာ ရန်သူတွေ အများကြီး ဖြစ်လာလိမ့်မယ်။ 

"ဘာကိစ္စရှိလို့လဲ၊ နေမကောင်းလို့လား။ မင်းက အရမ်းအားနည်းနေသေးလို့ လှုပ်ဖို့တောင် အဆင်မပြေတော့ဘူးလား ။ ကျုပ် ဒီနေ့ စိတ်ကောင်းဝင်နေလို့ မင်းနဲ့အတူ လမ်းလျှောက်ပေးမယ် ။ အဲဒါကို ကျုပ်ရဲ့ အလှူတစ်ခုလို့ပဲ သဘောထားလိုက်ပါ "

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းDonde viven las historias. Descúbrelo ahora