Chapter 1:The first day 01

304 32 1
                                    

* ပါလျှင် Author notesကိုဖတ်ပေးပါရန်။ ရှင်းလင်းပြထားပါသည်။
>>>>>>>>>><<<<<<<<<<<<<<<

" ဖုန်းသိုက်ချွမ်း ထစမ်း! လေဆိပ်ရောက်တော့မှာ ဆက်အိပ်မနေနဲ့! နင့်ရဲ့ဇာတ်ညွှန်းနဲ့ နင့်ကာရိုက်တာရဲ့ မှတ်စုတွေဖတ်ပြီးပြီလား!? "

ယခုလိုအော်နေသည်မှာ ဖုန်းသိုက်ချွမ်းရဲ့လက်ထောက်ဖြစ်သူ ရှောင်ကျို့ဖြစ်ပြီး အော်နေတုန်းမှာပင် ဖုန်းသိုက်ချွမ်း ကိုခြေထောက်နဲ့ကန်ကာနှိုးနေ၏။ သူမ၏အနီရောင်ဒေါင့်မြင့်ဖိနပ်က ဖုန်းသိုက်ချွမ်းရဲ့ဂျင်းဘောင်းဘီပေါ်တွင် သေးငယ်သောအဝိုင်းကွက်ကျန်စေခဲ့သည်။

ဖုန်းသိုက်ချွမ်းက ကားနောက်ထိုင်ခုံတွင်အိပ်ချင်မူးတူးဖြင့် ထထိုင်လေရာ သူ၏အဖြူရောင်အင်္ကျီက သူ၏မာကျောလှသော ကြွက်သားများပေါ် ကပ်နေသည်။
ဖုန်းသိုက်ချွမ်းက သူ၏ရှုပ်ပွနေသောဆံပင်များကို လက်ဖြင့်လှန်တင်ကာ အနားရှိ ဘေ့စ်ဘောဦးထုပ်ကိုကောက်စွပ်လိုက်သည်။

" ဘိုးအေ....မနေ့ညက တီဗီဇာတ်လမ်းသွားပြေးရိုက်ရတယ်၊ တစ်ညလုံးရိုက်ကူးရေးမှာလေ...မနေ့ကမှ ဇာတ်ညွှန်းတွေလက်ထဲရောက်တာ ကြည့်ဖို့တောင်အချိန်မရှိခဲ့ဘူး...အခုကြည့်မယ်....အခုကြည့်မယ်နော် "

ဖုန်းသိုက်ချွမ်းကချော့မော့သည့်လေသံဖြင့် ရယ်မောကာပြောလိုက်ရင်း သေချာထထိုင်လိုက်သည်။ ရှောင်ကျို့က ထူလှသောဇာတ်ညွှန်းနဲ့ကာရိုက်တာမှတ်စုများကိုသူ့လက်ထဲထိုးပေးကာ မနူးညံ့သောလေသံဖြင့်ပြောလေ၏။

" တစ်ညလုံးရိုက်ကူးရေးဘယ်သူမလုပ်ရလို့လဲ? ထိပ်တန်းကသရုပ်ဆောင်ဖေ ကိုကြည့်ပါလား...နင်နဲ့ကုမ္ပဏီတစ်ခုတည်းလေ၊ သူ့အချိန်ဇယားဆို ရိုက်ကူးဖို့အချိန်တွေချည်း....ဒီနေ့မနက်ဆိုအစောကြီးပဲမယ်လ်ဒီးမြို့ကိုကြော်ငြာ ရိုက်ဖို့သွားပြီ...သူ့ဖန်တွေလေဆိပ်မှာရိုက်ထားတဲ့ပုံတွေထဲ ဘာလို့သူကလှပပြီးသပ်ရပ်နေတာတုန်း? အခုနင့်ကိုယ်နင့်ကြည့်စမ်း?! မနက်ကတည်းက အိပ်ဖို့ပဲအာရုံရနေတာ...အခုထိမိတ်ကပ်မလိမ်းထားသလို နေ့လည်စာတောင်မစားရသေးဘူး! နင့်မျက်တွင်းကျနေတာက မေးစေ့ထိတောင်ရောက်တော့မယ်! နောက်ကြရင် ငါခိုးရိုက်ထားသလိုမျိုးပုံလေးတင်မှာကို ပုံဘယ်လိုငါပြင်ရမလဲ! "

စုန်းမ မင်းမျက်လုံးတွေဖွင့်ထား [ U ]Where stories live. Discover now