၃၁

896 155 6
                                    

人鱼陷落
REN YU XIAN LUO



UNICODE


Rail House အရှင်သခင် : ကြေးမုံတွင်းကလူ


ကားပေါ်ကလူက ဆင်းလာဖို့စိတ်ကူးမရှိသည့်ပုံ ၊ လမ်းမပေါ်၌ကားက တည်ငြိမ်စွာရပ်တန့်လျက်။ ဆူညံပွက်လောရိုက်နေသည့် စာမေးပွဲကွင်းမြေကွက်လပ်မှာ တဖြည်းဖြည်းအသံတစိုးတစိမှမထွက်ကြတော့ဘဲ တချို့ဆိုအသက်တောင်အောင့်လိုက်မိကြ၏။

ထိုကားမှာဆို လူမြင်ကွင်းကြီးထဲလွယ်လွယ်မထွက်ပေါ်လာတတ် ၊ ထွက်ပေါ်လာလျှင်လည်း အထဲ၌လူနှစ်ယောက်အတူတူလိုက်ပါလာသည်ဟုအဓိပ္ပာယ်ရပြီး ထိုလူနှစ်ယောက်တစ်ချိန်တည်း အများပြည်သူမျက်စိရှေ့ထွက်ပေါ်လာခြင်းက ရာထူးအဆင့်တစ်ခုကိုသက်သေထူပေးလာ၏။

"ဦးလေးကျင်ရော ဘော့စ်ဥက္ကဌရောလာတာပဲ။"

ပိုင်ချူနျန်က မျက်ဝန်းကိုမှေးလျက် ကားနောက်ခန်းတွင်ထိုင်နေသည့်AOအတွဲအားအကဲခတ်ကာ ထင်ကြေးပေးကြည့်မိသည်။

"ဘာအရေးကြီးတဲ့သတင်းတစ်ခုခုများရလာလို့လား။"

ကားပေါ်၌ဘာလက်နက်မှဆင်မထား ၊ သို့တိုင်စာမေးပွဲကွင်းကောင်းကင်တွင် နေရာယူထားသည့်109သုတေသနကရဟတ်ယာဉ်များမှာ ဖမ်းရမည့်ပစ်မှတ်ကလက်တစ်ကမ်းမှာပေမယ့် မစွန့်စားရဲကြဘဲ မတိုးသာမဆုတ်သာအနေအထားမှာပဲရှိရ၏။

ATWLစာမေးပွဲကွင်းမှာ ကနဦးက109သုတေသနရဲ့ဖမ်းစီးမည့်သတိပေးချက်ကိုရ၍ ယာယီဂိတ်ပေါက်ဝကြီးကိုပိတ်လို့ထားတာဖြစ်သည်။ သို့တိုင် ထိုPhantomကားပေါ်ထွက်လာပြီး ရဟတ်ယာဉ်များမိနစ်အနည်းငယ်ကြာ ရှေ့မတိုးရဲဘဲရှိချိန်မှာတော့ စာစစ်အဖွဲ့လည်း အားနှစ်သွယ်ကြားရွေးချယ်မှုတစ်ခုကိုပြုလုပ်လျက် စာမေးပွဲဂိတ်ဝကြီးအားဖွင့်လိုက်ပါတော့သည်။

ပိလန်ရှင်းက ဦးစွာအခြေအနေကိုနားလည်လိုက်ပြီး ပိုင်ချူနျန်ကိုမျက်ရိပ်ပြကာ လေးဦးသားအပေါက်ဝကြီးမှထွက်လာလိုက်ကြပါ၏ ၊ ဘယ်သူကမှလည်းမတားဆီးကြ။

စာမေးပွဲကွင်းမှထွက်လာသည်နှင့် အဖြူရောင်IOA(အပြည်ပြည်ဆိုင်ရာOmegaမဟာမိတ်အဖွဲ့အစည်း) logoနှင့်သံချပ်ကာယာဉ်ဆယ်စီးလောက်က လေးယောက်သားကိုဝိုင်းလိုက်ကြသည်။ လက်နက်အပြည့်ကာကွယ်ရေးတပ်ဖွဲ့ငယ်များကလည်း သံချပ်ကာယာဉ်ပေါ်မှာဆင်းလာပြီး ပိုင်ချူနျန်ထံ ဥက္ကဌလက်မှတ်ထိုးထားသည့်ဖမ်းဝရမ်းကိုပြကာ သူ့အားလက်ထိတ်ခတ်လာပါ၏။

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now