ငါလည်း ‌ချစ်တယ်ဟုသည့်စကားကို သူမပြောလိုက်။တကယ် မြတ်မြတ်နိုးနိုးနဲ့ချစ်တာပါ။

"ဟင့်အင်း။အနက်သိပါတယ်။ဘယ်သူမှမချစ်ကြပါဘူး။တော်ပြီ။အနက်တစ်ယောက်တည်း။နေပါရစေ"

"အေးပါ။ဒါပေမယ့် ထပ်မငိုတော့နဲ့နော်။မနက်ဖြန်ကျ နင်ကလှနေမှဖြစ်မှာလေ"

"မသိဘူး။ငိုချင်ရင်တော့ ငိုမိမှာပဲ"

"အဲ့ဆိုလည်း ရတယ်။ငါကတော့ ကိုကြီးပြန်လာရင်တိုင်မှာ"

"ဟင် မတိုင်ပါနဲ့။အနက်လည်း မငိုတော့ဘူး။တော်ကြာ ကိုကိုစိတ်အနှောင့်အယှက်ဖြစ်နေပါမယ့်"

ပြန်ပြောရင် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးသည်တဲ့လား။အဲ့ဒါဆို ငါ့ဘက်ကိုလည်း နည်းနည်းလောက်တွေးပေးပါ။ကိုကြီး အပေါမှာထားတာရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ဖြစ်ဖြစ်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မိတ်ကပ်ဆရာမ၏ အလိုကျ နေရသောကြောင့် စိတ်တို့က ကျဉ်းကျပ်နေသည်။ထိုင်နေရတာကြာနေပြီဖြစ်သောကြောင့်လည်း ပါမည်ထင်ပါ၏။

"သခင်တို့ကတော့ လူရွေးဝော်ပါ့နော်။ငယ်ငယ်လှလှလေး။ကြည့်ဦး အရွှေ့ လက်ရာနဲ့ဆိုတော့ ပိုဝောာင် ချစ်စရာကောင်းသွားသေးတယ်။"

မိတ်ကပ်ဆရာမ၏စကားကြောင့် မှန်ဝိုင်းလေးထံသို့အကြည့်ပို့လိုက်သည်။ဖွေးဥသော မျက်နှာထက် ပန်းရောင် ရိပ်တို့က နေရာယူထားသည်။သူမ၏ မျက်လုံး၊မျက်ခုံးမှစ အနုစိပ်ပြင်ထားပေးမှန်းသိသာလှ၏။

"ပြီးပြီလား ဘေဘီ..."

လိုက်ကာစလေးကို မလျက်ဝင်လာသော သူမ၏ သတို့သား။အနက်ရောင် အနောက်တိုင်း ဝတ်စုံနှင့် ခန့်ညားသည်ထက်ပိုသော သူသည် အရင်ကကဲ့သို့ သူမကို စိတ်လှုပ်ရှားစေ၏။မျက်ခုံးထူထူတို့အောက်က စူးရှသည့်အကြည့်များကလည်း စတွေ့တုန်းကကဲ့သို့ သူမကို ဆွဲဆောင်နေတုန်းပါ။

မှန်ထဲမှနေ သူ့ကိုငေးနေသော သူမလေးကြောင့် ပြုံးချင်ချင်ဖြစ်သွားရသည်။ရွှေရောင် အဖျော့ပေါတွင် တဖျက်ဖျက်လက်နေသော ဂါဝန်လေးမှာ သူမကြောင့် ပဲ ပိုလက်နေသလား။ခပ်ဖူးဖူးလေးဖြစ်သော နှုတ်ခမ်းရဲရဲလေးမှာ နှုတ်ခမ်းနီကြောင့် စတော်ဘယ်ရီသဖွယ် ဖြစ်နေလေသည်။

Footprint of kiss(အနမ်းခြေရာ)Where stories live. Discover now