"ဟယ်....အနက်"

သူမဘေးမှ အားတက်သရော် ခေါလိုက်သော မမနီအား ခပ်ယဲ့ယဲ့ပြုံးကာကြည့်မိသည်။

"ညည်းအတွက်တော့ စိတ်မကောင်းဘူးအနက်ရယ်။သခင်လေးရောက်လာမှပဲ ဒီလိုတွေဖြစ်နေတာ။သခင်လေးကလည်း အဲ့လိုရက်စက်တက်မှန်း မမလည်းအခုမှပဲသိဝော့တယ်။သူ့ရုပ်ရည်နဲ့မှ မလိုက်။"

"မမနီကလည်း.....ကြားသွားရင် မကောင်းဘူးနော်။ပြီးတော့ သူကရက်စက်တယ်ရယ်လို့လည်း မဟုတ်ပါဘူးမမရယ်။ဒီတိုင်းပဲ အပြစ်ပေးတာနေမှာပါ။အနက်ကလည်း အနက်ပဲလေ။အလွဲလွဲအချော်ချော်နဲ့........."

မျက်ရည်တို့ဝေ့သီနေသော မျက်ဝန်းလဲ့လဲ့တို့နှင့် အားယူ၍ပြုံးကာ သူမကိုစကားဆိုလာသော အနက်အား ဂရုဏာဒေါသလေးတော့ သက်မိသည်။ဘယ်နှယ့်....ကိုယ့်ကို ဒီလောက်လုပ်ရက်တဲ့သူကို ရက်စက်တယ်လို့တောင် မမြင်ပဲ။ကိုယ့်ကိုကိုယ်သာအပြစ်ဖို့နေရသလားကွယ်။

"ဟို....အနက်လေ ဘယ်လိုလုပ်အိမ်ကိုပြန်ရောက်တာလဲဟင်"

"ရုံးကမန်နေဂျာဆိုတဲ့လူနဲ့ အမျိုးသမီးတစ်ယောက်လာပို့ပေးတာ။"

သူမမျှော်မှန်းထားသောအဖြေထွက်မလာပြန်ပါ။အမှန်ဆို ဇာတ်ကားတွေထဲကလို သူကပွေ့ချီပြီး ပြန်ပို့တာတို့ ၊သူမသတိရလာတဲ့အထိဘေးမှာစောင့်ပေးဝာာတို့.......။အို! ငါဘာတွေ လျှောက်တွေးနေမိပါလိမ့်။သူက အနက်အပေါဒီလောက် အေးစက်နေတာ၊ပြီးဝောာ့ အခြေအနေချင်းကလည်း တူမှမတူပဲ။ကိုယ့်အတွေးနှင့်ကိုယ် ခေါင်းလေးကို ဖြေးညှင်းသွာ ခါလိုက်သည်။

"ဘာဖြစ်လို့လဲအနက်....ခေါင်းကိုက်လို့လား"

"ရှင် မဟုတ်ပါဘူး။ဒီတိုင်းပဲ ဟင်းဟင်း...မမနီလည်း နားတော့လေ။တော်ကြာအထဲက ကလေးလေးလည်း ပင်ပန်းနေပါ့မယ်‌။နော်"

"ဟုတ်ပါပြီ။အနက်တစ်ခုခုဆို မိဇော် ကို ခေါနော်။မမကိုလည်း ခေါလိုက်လို့ရတယ်သိလား အနက်"

"စိတ်ချပါမမနီရာ.."

သူမက ပြုံးတုံ့တုံ့နှင့်ပြောခိုက်မှ မမနီက ခေါင်းကို ခပ်ဖွဖွပွတ်ကာ ထွက်သွားလေ၏။

Footprint of kiss(အနမ်းခြေရာ)Where stories live. Discover now