Part 12

2.8K 444 71
                                    

Unicode~

ကိုကို့ကို လက်ထပ်ဖို့ရာ သဘောတူလက်ခံလိုက်ခြင်းက သူ့အတွက် စိတ်လက်ပေါ့ပါးခြင်းမဖြစ်စေ။ ကိုကိုကိုယ်တိုင် အိမ်တိုင်ရာအရောက်ပို့ပြီးသည့်တိုင် သူဟာတမှိုင်မှိုင်တတွေတွေ။ ရင်ခုန်စိတ်လှုပ်ရှားသည့် လက္ခဏာမဟုတ်။ သူ့မှာ အပျော်မဲ့နေတာ။ သူ၏ လက်ထပ်ပွဲအ​​ရေး သူကိုယ်တိုင်က မ​ပျော်နိုင်ဖြစ်​နေတာ။

သူဟာ လူတစ်ယောက်လက်ထဲ ဘဝကို ပုံပေးဖို့ အသင့်ဖြစ်မနေ။ ယုတ်စွအဆုံး ဘယ်သူ့ကိုမှလည်း သူ့ကိုယ်သူမပေးလိုက်ချင်။ မည်သည့်တစ်ဦးတစ်ယောက်၏ အပိုင်သတ္တဝါမှ မဖြစ်ချင်။
ငါးနှစ်ငါးမိုးလုံး ကိုကို့အပိုင်ဖြစ်ပေးပါမည်ဟု လျှာအရိုးမရှိတိုင်း ပြောခဲ့သမျှ အခုတော့ နောင်တရသည်။ သူကိုကို့လူမဖြစ်ချင်​သေး။ တစ်စုံတစ်​ယောက်၏ ဘဝထဲမှာ အပိတ်​လှောင်ခံရမှာစိုးသည်။ ချစ်ရသူနှင့်ဆို​သော်​တောင်မှ သူ​ပျော်နိုင်မည်ဟု အာမ,မခံ။

ကိုကိုနှင့် လက်ထပ်လိုက်ရလျှင် သူပျော်နိုင်မည်ဟု ထင်ခဲ့ဖူးသည်။ ကိုကိုတစ်ယောက်တည်းကသာ သူ့အပေါ် နားလည်ပေးနိုင်မည်၊ ကိုကိုတစ်ယောက်တည်းကသာ သူ့လိုအင်ကို ဖြည့်စွက်ပေးနိုင်မည် စသဖြင့် စိတ်ကူးယဉ်ခဲ့တာ။
ဖြစ်​ကောင်းဖြစ်နိုင်ပါလိမ့်မည်။ သူ့အသိစိတ်အရတော့ ကိုကို့ကို လက်ထပ်ခြင်းက အကောင်းဆုံး ဆုံးဖြတ်ချက်ပါဆိုတာကို သတိပေးနေဆဲ။ ထို့အပြင် ကတိအထပ်ထပ်​ပေးထားပြီးသား လက်ထပ်ပွဲကို တဒင်္ဂစိတ်ရူးထရုံမျှဖြင့် မဖျက်သင့်​ကြောင်း သူသိ​သည်။ တစ်ခါတ​လေ ​ကောင်း​သောအရာကို သိလျက်သားနှင့် မလုပ်ချင်​လောက်​အောင် ဘယ်မိစ္ဆာနတ်ဆိုးက ကျိန်စာတိုက်ထားတာပါလိမ့်။

ရင်ထဲ ခဲဆွဲထားသကဲ့သို့ လေးလံနေသည်မှာ ဘာကြောင့်ပါလိမ့်။ ကိုယ့်ချစ်သူနှင့် လက်ထပ်ရမည့်အရေးကို အခုလောက်ထိ ထူးထူးခြားခြားဘဝင်ညှိုးနေစရာအကြောင်း ရှိပါရဲ့လား။ ကိုယ့်ကိုယ်ကိုယ်မယုံနိုင်​လောက်​အောင်ပင် ကိုယ့်မှာသစ္စာတရားမရှိ။

"ByeongHo နဲ့ ညစာစားခဲ့ပြီဆို"

"အင်း.."

"ByeongHoခွင့်တောင်းသွားတယ်။ လက်ထပ်ဖို့ကိစ္စကို"

𝐓𝐡𝐞 𝐏𝐚𝐰𝐧: 𝐹𝑜𝑟 𝐻𝑖𝑠 𝑆𝑎𝑘𝑒Where stories live. Discover now